လူထုလှုပ်ရှားမှုကြီးမှာ မပါဝင်တဲ့အပြင် ကိုယ်နဲ့မဆိုင်သလို မကောင်းပြောနေတဲ့ လူတစ်စုရဲ့ လုပ်ရပ်ကို မြင်သာအောင် ထောက်ပြပြောဆိုလိုက်တဲ့ နန်းမွေစံ

//s9.kh1.co/2b/2b1cd236d312a2661c6da037df93d6edd0cdb798.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် နန်းမွေစံကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ သူမက အပြင်ထွက်ကာ ပြည်သူနဲ့အတူ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိသူဖြစ်ပြီး စာသားလေးအချို့ကိုလည်း ရေးသားလေ့ရှိသူပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန်းမွေစံက " တစ်တိုင်းပြည်လုံး မနေသာတဲ့ မတရားမှုတော်လှန်ရေးမှာ မပါချင် အေးအေးဆေးဆေးနေပါ၊ပြဿနာမရှိဘူး။ ဒါပေမယ့် ဘေးထိုင် ဘုပြော၊ တောပြောတောင်ပြောတော့ လာမလုပ်ပါနဲ့။ 

Photo credit - Nang Mwe San's Facebook Account 
Photo credit - Nang Mwe San's Facebook Account 

သွေးတွေပူနေတယ် "လမ်းပေါ်ထွက်လို့ သေနတ်မှန်တာ ကိုယ့်အိမ်ထဲကိုယ်နေရင် ဘာမှမဖြစ်ဘူး" ဆိုတော့ လမ်းပေါ်ထွက်နေတဲ့သူတွေဟာ အချိန်တွေပိုနေလို့ အပျင်းပြေထွက်နေတာ တစ်ယောက်မှ မပါဘူး။ မတရားမှုကို ငုံ့မခံချင်လို့ ၊ မျိုးဆက်သစ်လူငယ်တွေကို စစ်ကျွန်ဘဝမှာ ထားရစ်ခဲ့ရမှာစိုးလို့ တိုင်းပြည်အတွက် တကယ်လိုအပ်လာတဲ့အချိန်မှာ ကိုယ့်အသက်ကိုယ်မငဲ့ပဲ ထွက်လာကြတာ။ ကိုယ့်တစ်ကိုယ်စာလုံရင်ပြီးရော ကျန်တာဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးဟာ အင်မတန် သေးသိမ်ပါတယ်။ဒီလိုစိတ်ဓာတ်မျိုးသာ လူတိုင်းရှိခဲ့ရင် သူ့ကျွန်ဘဝကတောင် လွတ်မြောက်ခဲ့မှာမဟုတ်ဘူး။

Photo credit - Nang Mwe San's Facebook Account 
Photo credit - Nang Mwe San's Facebook Account 

ကိုယ့်လက်ပူမှ ပူမှန်းသိတဲ့လူဟာ အဆင့်အတန်းမြင့်တဲ့ စိတ်ဓာတ်ပိုင်ရှင်မဟုတ်ဘူး။ သူများလက်ပူနေတာကိုလည်း စာနာတတ်ရမယ် ၊ ကူညီတတ်ရမယ်။ တစ်နေ့ ကိုယ့်လက်ပါပူလာနိုင်တယ်ဆိုတဲ့ အမြှော်အမြင်လည်း ရှိရမယ်။ လက်နက်ကိုင်လူတစ်စုကို လက်နက်မဲ့လူတန်းစားက အကြောင်းမဲ့တော့ ဘယ်သူမှအရဲစွန့်မတော်လှန်ဘူး။ အမှန်တရားအတွက် တိုင်းပြည်အနာဂတ်အတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတာ။မျှော်လင့်တဲ့ အခွင့်အရေး ဆိုတာလည်း လူအများနဲ့ အတူတကွရမယ့် အခွင့်အရေးကို မျှော်လင့်တာ။ ဝင်မပါလည်း နေသာသလိုနေပါ သူခိုးအားပေး ၊ ဓါးပြအားပေး ၊ လူမိုက်အားပေးတော့ လာမလုပ်ပါနဲ့ ။ " ဆိုပြီးရေးသားလာတာပါ။ အခုလို လူထုလှုပ်ရှားမှုကြီးမှာ အများနဲ့တန်းတူ မပါဝင်တဲ့အပြင် မကောင်းပြောနေတဲ့ သူတွေကို ပွင့်ပွင့်လင်းလင်းပြန်လည်တုန့်ပြန်လာတာဖြစ်လို့ ပရိသတ်တွေ ဖတ်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Nang Mwe San's Facebook Account 
Photo credit - Nang Mwe San's Facebook Account 

သတင်း အရင်းအမြစ်Source - Nang Mwe San's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T