လမ်းပေါ်မှာထိခိုက်သွားတဲ့ ပြည်သူတွေကို ကူညီပေးဖို့အတွက် ကြက်ခြေနီအသင်းနဲ့အတူအဆင်သင့်ရှိနေပြီး Medical Cover လုပ်ပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/5d/5d9e0e1dadb7aec8b1c73bfd4a87001cbc5b3d4a.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာထိခိုက်သွားတဲ့ ပြည်သူတွေကို ကူညီပေးဖို့အတွက် ကြက်ခြေနီအသင်းနဲ့အတူအဆင်သင့်ရှိနေပြီး Medical Cover လုပ်ပေးခဲ့တဲ့ ဝေဠုကျော်

မင်းသားချော ဝေဠုကျော်ကတော့ အနုပညာလောကနဲ့ အချိန်အတော်ကြာအောင် ဝေးကွာနေခဲ့သူဖြစ်ပြီး ပရဟိတအလုပ်တွေကိုသာ စိတ်ရောကိုယ်ပါနှစ်ကာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဝေဠုကျော်က သူ့နာမည်နဲ့ "ဝေဠုကျော်ဖောင်ဒေးရှင်း" ကို တည်ထောင်ထားပြီး ကိုယ်တိုင်ဦးဆောင်နေသူတစ်ဦးဆိုရင်လည်း မမှားပါဘူးနော် ။ လက်ရှိအခြေအနေတွေမှာဆိုရင်လည်း ဝေဠုကျော်က ပြည်သူလူထုကို ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page

ဝေဠုကျော်က ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ လူထုလှုပ်ရှားမှုပြုလုပ်တဲ့နေရာတွေကို သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ သွားရောက်လေ့ရှိတာ ဖြစ်ပါတယ် ။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ "Milk Tea Alliance" လှုပ်ရှားမှုမှာဆိုရင်လည်း ဝေဠုကျော်က အားလုံးနဲ့အတူရှိနေပေးခဲ့တာ ဖြစ်ပါတယ် ။ မနေ့ကတော့ ဝေဠုကျော်က သာကေတမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ လူနာတင်ကားတွေအသင့်ထားရှိပြီး သူကိုယ်တိုင် စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page

လမ်းပေါ်မှာ ထိခိုက်သွားတဲ့ပြည်သူတွေအတွက် ဝေဠုကျော်နဲ့ ကြက်ခြေနီအသင်းက အဆင့်သင့်ရှိနေပြီး လိုအပ်တာတွေကို ဂရုတစိုက်နဲ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။ ဝေဠုကျော်ကတော့ အခုလိုအချိန်မှာ သူတတ်နိုင်တဲ့နေရာကနေ ပြည်သူလူထုကိုအကျိုးပြုပြီး အစွမ်းကုန် စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ် ။ ကဲ လူထုလှုပ်ရှားမှု ပြုလုပ်ရင်းနဲ့ ထိခိုက်လာတဲ့ ပြည်သူတွေကို Medical Cover လုပ်ပေးခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့နဲ့ ကြက်ခြေနီအသင်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Wai Lu Kyaw's FB Page

Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Photo Credit -Wai Lu Kyaw's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T