အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ဒီနေ့ရက်တွေကို နှလုံးသားမှာ ဘယ်တော့မှမမေ့ဘူးလို့ ဆိုလိုက်တဲ့ ဒေါင်း

//s9.kh1.co/dd/dd36cb9538a5b9b276a55624fd7eeb871f53b3d6.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ဒီနေ့ရက်တွေကို နှလုံးသားမှာ ဘယ်တော့မှမမေ့ဘူးလို့ ဆိုလိုက်တဲ့ ဒေါင်း

အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ဒေါင်းကတော့ ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page

ဒေါင်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ထင်မြင်ချက်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏမျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့ကတော့ ပြည်သူတွေများစွာဟာ လူထုလှုပ်ရှားမှုမှာ မမောနိုင်မပန်းနိုင်ပါဝင်ကြရင်း အသက်တွေ ပေးခဲ့ရပါတယ်။ ဒေါင်းကတော့ ယခုမှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ဒီနေ့ရက်တွေကို နှလုံးသားမှာ ဘယ်တော့မှမမေ့တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page

ဒေါင်းကတော့ " ကျွန်တော်တို့အိမ်ပြန်နိုင်ခဲ့ပေမယ့် အိမ်ကိုပြန်မရောက်တော့တဲ့ ပြည်သူများအတွက် ဝမ်းနည်းကြေကွဲရပါတယ် ဒါပေမယ့် အသက်ပေးခဲ့ရတဲ့သူရဲကောင်းပြည်သူတစ်ဦးချင်းစီအတွက် ရှေ့ဆက်ပြီးတော်လှန်ကြရမယ် ဒီနေ့ရက်တွေအတွက် တို့တွေနှလုံးသားမှာ ဘယ်တော့မှ မမေ့ဘူး " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။မနေ့ကပြုလုပ်တဲ့လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပါဝင်နေတဲ့ ဒေါင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : daung - ဒေါင်း ' s Facebook Page

Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Photo Credit: daung - ဒေါင်း ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T