လူထုလှုပ်ရှားမှုတွင် ကျဆုံးသွားသောသူရဲကောင်းများအတွက် လမ်းမိသားစုနဲ့စုပေါင်းပြီး ဆုတောင်းပေးခဲ့ကြတဲ့နေရဲနဲ့သဇင်ထူးမြင့်တို့မောင်နှမ

//s9.kh1.co/31/31fec0f05b7b6edbaaea85b1fea8d36e7d8b39f3.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုတွင် ကျဆုံးသွားသောသူရဲကောင်းများအတွက် လမ်းမိသားစုနဲ့စုပေါင်းပြီး ဆုတောင်းပေးခဲ့ကြတဲ့နေရဲနဲ့သဇင်ထူးမြင့်တို့မောင်နှမ

ပရိသတ်ကြီးရေ အကယ်ဒမီခင်လှိုင်ကတော့ သာယာစိုပြေတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သူ့ရဲ့သားသမီးတွေကလည်း လိမ္မာရေးခြားရှိကြပါတယ်နော်။ခင်လှိုင်တို့မိသားစုလေးက ဘယ်အရာမဆိုစည်းလုံးကြပြီး ချစ်ချစ်ခင်ခင်ရှိကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။ခင်လှိုင်တို့မိသားစုကတော့လတ်တလောအခြေအနေတွေမှာဆိုရင် တစ်မိသားစုလုံး လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။ခင်လှိုင်တို့မိသားစုက နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်ကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Nay Ye’s Facebook Acc
Photo Credit:Nay Ye’s Facebook Acc

ခင်လှိုင်တို့အနုပညာရှင်အသိုင်းအဝိုင်းကတော့ လက်ရှိအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကိုလည်းခေတ္တရပ်နားထားကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အနုပညာရှင်အသိုင်းအဝိုင်းက ပြည်သူတွေနဲ့တစ်သားတည်းရှိပြီး ကိုယ်ယုံကြည်ရာကို အတူတကွလျှောက်လှမ်းနေကြတာဖြစ်ပါတယ်နော်။သဇင်ထူးမြင့်တို့မောင်နှမတွေကလည်း လူငယ်တွေပီပီ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။သဇင်ထူးမြင့်တို့မိသားစုက နေ့ဘက်ဆိုရင် လမ်းမပေါ်ထွက်ပြီးလှုပ်ရှားသလို ညတိုင်းလည်းသံပုံးတီးကြတာဖြစ်ပါတယ်နော်။

Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc

(၂၈.၂.၂၀၂၁)ရက်နေ့၊မနေ့ကဆိုရင်တော့ လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်ကြတဲ့ ပြည်သူတွေထဲကမှတချို့လူငယ်လေးတွေကျဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ကျဆုံးသွားတဲ့လူငယ်တွေအတွက်တတ်နိုင်တဲ့ဘက်ကနေရပ်တည်ကြပြီး အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။သဇင်ထူးမြင့်နဲ့နေရဲတို့မောင်နှမကလည်း သူမတို့နေထိုင်ရာလမ်းထဲက အိမ်နီးနားချင်းတွေနဲ့စုပေါင်းပြီး ဖယောင်းတိုင်တွေထွန်းကာ ဆုတောင်းပွဲပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ရဲရင့်တဲ့စိတ်ဓာတ်နဲ့အသက်ပေးသွားကြရတဲ့ လူငယ်တွေအတွက် ပြည်သူလူထုက အရမ်းစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc
https://s9.kh1.co/__image/w=650,h=867,q=100/7b/7b969999c6441ed90bf7c35cf6767c5cd9a439a8.jpeg
Photo Credit:Thazin Htoo Myint’s Facebook Acc
Photo Credit:Thazin Htoo Myint’s Facebook Acc

Photo Credit:Thazin Htoo Myint&Nay He’s Facebook acc

Source&Video Credit:Nay Ye’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T