အန္တရာယ်ရှိနေတဲ့ကြားထဲကနေ လမ်းပေါ်ကိုရအောင်ထွက်လာပြီး ပြည်သူတွေရဲ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ပိုင်တံခွန်

//s9.kh1.co/c2/c2a16c5549c1f171632ec2f42f0f26551140dc51.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်ရှိနေတဲ့ကြားထဲကနေ လမ်းပေါ်ကိုရအောင်ထွက်လာပြီး ပြည်သူတွေရဲ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ပိုင်တံခွန်

မင်းသားချောလေး ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်း၊တရုတ်စတဲ့ပြည်ပနိုင်ငံတွေမှာပါ ရေပန်းစားအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦးပဲ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ပိုင်တံခွန်က ပြည်သူလူထုကို သူတတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ပေးနေတာကြောင့် ပရိသတ်တွေက သူ့ကိုချီးကျူးနေရတာ ဖြစ်ပါတယ် ။ အစကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ ပိုင်တံခွန်က လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page

ကိုယ့်နိုင်ငံရဲ့အကျိုးအတွက် တတ်စွမ်းသလောက် ပါဝင်အားဖြည့်ပေးနေတဲ့ ပိုင်တံခွန်ကတော့ တရုတ်နိုင်ငံရဲ့သတင်းစာတစ်ခုမှာပါ ရေးသားဖော်ပြခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်က သူ့ရဲ့ရင်တွင်းဆန္ဒတွေကိုဖော်ပြတောင်းဆိုသလို လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာလည်း ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ပိုင်တံခွန်က အကာအကွယ်ပစ္စည်းတွေ စုံစုံလင်လင်ဝတ်ဆင်ပြီး ပြည်သူတွေရဲ့အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page

ပိုင်တံခွန်က "ကျွန်တော်တို့ရဲ့ မိဘတောင် ကျွန်တော်တို့ကို လွတ်လပ်ခွင့်ပေးထားတာ မိဘမဟုတ်တဲ့ မည်သူ့ရဲ့ ချုပ်ခြယ်မှုမှ မခံပါ" ဆိုပြီး မနေ့က သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးထားတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်ကတော့ အန္တရာယ်တွေရှိနေတဲ့ကြားထဲကနေ လမ်းပေါ်ကိုရအောင် ထွက်လာပြီး လူထုနဲ့အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ပိုင်တံခွန်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source & Photo Credit -Paing TaKhon's FB Page

Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Photo Credit -Paing TaKhon's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T