အခက်အခဲအတားအဆီးတွေကြားကနေ ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ ရဲဝံ့တက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ဦးခင်လှိုင်

//s9.kh1.co/eb/ebecf7e33d459f61f60b993a696fee01c96ded92.jpg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc

ဒီနေ့မှာဆိုရင်လည်း လူထုလှုပ်ရှားမှုကြီးဟာတစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ပါ၀င်လှုပ်ရှားနေကြတာဖြစ်ပြီး ဦးခင်လှိုင်တစ်ယောက်လည်းရဲရဲဝံ့ဝံ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာအခုဆိုရင် ၂၈ရက်မြောက်နေ့ကိုရောက်ရှိနေပြီဖြစ်ပြီး အခက်အခဲတွေများစွာရှိနေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ်ထင်ပါတယ်နော်.....။

Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc

အခုလို အခက်အခဲအတားအဆီးတွေကြားကနေ ဦးခင်လှိုင်ဟာ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဒီနေ့မှာဆိုရင်လည်း သမ္မတရုပ်ရှင်ရုံရှေ့မှာ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့လှုပ်ရှားမှုပြုလုပ်နေတဲ့ ပုံရိပ်တွေကို ဦးခင်လှိုင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့... သမ္မတရုပ်ရှင်ရုံအရှေ့...." ဆိုပြီးရေးသားကာတင်ပေးထားခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc
Photo credit-​ Khin Hlaing's Facebook acc

သတင်း အရင်းအမြစ်Khin Hlaing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T