ခင်ပွန်းဖြစ်သူ အောင်လ နှင့်အတူ ပြည်သူထဲက ပြည်သူ တစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ ပါဝင်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

//s9.kh1.co/4b/4b81c112cf22670eb5fba9531236729542df3e8f.jpg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးတို့ရေ အသံချိုချိုသာသာ အေးအေးလေးနဲ့ အဆွေးသီချင်းတွေကို အလွမ်းဓာတ်ခံ ပါပါ သီဆိုပြီး ပရိသတ်တွေအားပေးထောက်ခံမှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် ဝိုင်းစုခိုင်သိန်းကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ သူမကတော့ သီချင်းဆိုတဲ့ အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ယုံသာမက ရုပ်ရှင် သရုပ်ဆောင် အနေနဲ့လည်း တခေတ်တခါက အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page

ဝိုင်းစုခိုင်သိန်းဟာ တေးစီးရီး အယ်လ်ဘမ်ပေါင်းများစွာကိုလည်း ထွက်ရှိခဲ့ပြီးသူမရဲ့ သီချင်းစာသားတွေက ပရိသတ်တွေ ရင်ထဲ ရောက်ခဲ့တာကြောင့် အယ်လ်ဘမ်တိုင်းကလည်း အောင်မြင်မှု ရရှိခဲ့တာ ပဲ ဖြစ်ပါတယ်။ ဝိုင်းစုဟာ ယခုအချိန်မှာလည်း သူမအပေါ်ကြင်နာယုယ ပြီး ဂရုစိုက်တဲ့ ခင်ပွန်းဖြစ်သူ အောင်လနဲ့ အတူ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာ ပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာ အလုပ်တွေ ရော ဂီတ အလုပ်တွေကိုပါ ရပ်နားထားပြီး လူထုလှုပ်ရှားမှုတွေကိုပါဝင်အားဖြည့်ပေးနေတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page

ယခုအခါမှာတော့ ဝိုင်းစုဟာ လူထု လှုပ်ရှားမှုမှာ ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး ရှေ့ဆုံးကနေ ဦးဆောင် ပါဝင်ခဲ့တာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ဝိုင်းစုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝိုင်းစုဟာ ခင်ပွန်းဖြစ်သူ အောင်လ နှင့်အတူ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့တဲ့ ပုံလေးတွေကို

"ပြည်သူထဲက ပြည်သူ

အရေးတော်ပုံ အောင်ရမည်......." ဆိုတဲ့ ခေါင်းစဥ်လေးတပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page
Photo Crd - Wyne Su Khaing Thein's FB Page

သတင်း အရင်းအမြစ်

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T