အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း ငြိမ်းချမ်းစွာလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/c1/c148cc0ef78dacac75ee7d8d5470239ecb165ec6.jpeg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

....

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ ခုဖြစ်ပွားနေတဲ့ လက်ရှိအ​ခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ နေ့စဉ်တိုင်းလိုလို အန္တရာယ်ကြားကနေ လမ်းပေါ်ထွက်ကာ လူငယ်တွေ အနာဂါတ်အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် အရေးကြီးအချက်အလက်တွေနဲ့ သူရဲ့ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေ ယုံကြည်ချက်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာ အမြဲဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account

အခုလည်း အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ အနုပညာမောင်နှမတွေနဲ့အတူ လမ်းမထက်မှာ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ အင်တိုက်အားတိုက် ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ရင်တွင်းခံစားချက်လေးကိုလည်း ပရိသတ်တွေအတွက် ဝေမျှခဲ့ပါသေးတယ်။

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account

ထိုစာလေးကတော့ " 28 February နွေဦးတော်လှန်ရေးအတွက်အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြသော အာဏာရှင်စနစ်ဆိုးကြီးကိုဖီဆန်ရင်း ကျဆုံးခဲ့ကြသောအာဇာနည်သူရဲကောင်းများကို ဝမ်းနည်းစွာဖြင့်ဦးညွတ်အလေးပြုအပ်ပါသည် သို့သော် ဖမ်းလို့ ပစ်လို့ ကျွန်တော်တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ပြည်သူအားလုံး အညံ့ခံအရှံးပေးရာကျပါလိမ့်မယ်ဖမ်းတာ ပစ်တာ သူတို့အလုပ်ဆန့်ကျင်ရမှာကျွန်တော်တို့အလုပ်ဒီနေ့ပစ်နေခတ်နေတဲ့ကြားကကျွန်တော်တို့တွေ ရအောင် ထွက်ခဲ့ကြတယ်လက်တွဲခဲ့ကြသောရဲဘော်ရဲဖက်စာပေ သဘင် ဂီတ ရုပ်ရှင် မီဒီယာသူရဲကောင်းများအားလုံးအားလုံးအတွက်သူရဲကောင်း ကျောင်းသားပြည်သူအားလုံးအတွက် ရင်ထဲကလှိုက်လှိုက်လဲလဲ ဂုဏ်ယူနေပါတယ်ခင်မျာ"ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း မင်းမော်ကွန်းရဲ့ လေးစားစရာ စိတ်ဓာတ်လေးကိုဂုဏ်ပြုပေးလိုက်ပါအူးနော် ပရိသတ်ကြီး။ 

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T