သူနေထိုင်ရာ စမ်းချောင်းမြို့က ပြည်သူတွေနဲ့အတူ ဒီကနေ့ နံနက်မှာ စည်းစည်းလုံးလုံးနဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ အလင်းရောင်

//s9.kh1.co/2e/2e609db5a401e49800258929c641bb5d584a4e25.jpg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် သရုပ်ဆောင် အလင်းရောင်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်ပြီဖြစ်တဲ့ သူတစ်ယောက်ပါ။ Music Video တွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် photo shooting တွေကိုလည်း ရိုက်ကူးနေရတဲ့ သူ့ကို မိန်းကလေး ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။

Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ အလင်းရောင်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေခဲ့တာဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်နော်။

Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE

ဒါကတော့ သူနေထိုင်ရာ စမ်းချောင်းမြို့က ပြည်သူတွေနဲ့အတူ ယနေ့မနက်ပိုင်းမှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပုံတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပုံလေးတွေအပြင် အလင်းရောင်က " ဒီနေ့ စမ်းချောင်းရဲ့ အခြေအနေကတော့ အားရစရာပါပဲ တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမယ့် အားလုံး တစ်လှေတည်းစီး ၊ တစ်ခရီးတည်းသွား တညီတညွတ်တည်း ကြွေးကြော်သံတွေ အားမာန်တွေ အပြည့်ပဲ အထွေထွေ သပိတ် ( ၂၈.၂.၂၀၂၁ ) "မြန်မာ့နွေဦး" မှသည် "အာရှနွေဦး" ဆီသို့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ရတဲ့ ပရိသတ်တွေ သိရှိစေဖို့အတွက် အလင်းရောင်ရဲ့ ပုံလေးတွေနဲ့ စာသားတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE
Photo credit - ALINGYAUNG's FB PAGE

သတင်း အရင်းအမြစ်Source - ALINGYAUNG's FB PAGE

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T