လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းလေးတွေ Safety ဖြစ်စေရန်အတွက် ဦးထုပ်နဲ့ စားစရာများစွာကို လိုက်ဝေငှခဲ့တဲ့ မိုးစက်ဝိုင်

//s9.kh1.co/fe/febc70da598c19be10721c5ef5afcf8dae66434f.jpeg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

....

ခုဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အလွှာအသီးသီးက အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ တစ်သားထဲရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 

ဒါ့အပြင် ယုံကြည်ချက်အတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေကိုလည်း အနုပညာရှင်အများအပြားက ဝိုင်းဝန်းကာ တတ်နိုင်သလောက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် အစားအသောက်တွေများစွာကိုလည်း ပေးဝေလှူဒါန်းခဲ့တာကိုလည်း ကြည်နူးစရာတွေ့မြင်ရပါတယ်။

Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 

ခုလိုအားဖြည့်ကူညီပေးနေတဲ့ အနုပညာရှင်တွေထဲမှာ မိုးစက်ဝိုင်လည်း အပါအဝင်ပါပဲနော်။ဒီနေ့မှာလည်း လမ်းပေါ်ထွက်ကာ ယုံ​ကြည်ချက်တွေအတွက် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းလေးတွေကို Safety ဖြစ်စေရန် ဦးထုပ်နဲ့ မုန့်တွေအအေးတွေများစွာကိုယ်တိုင်လိုက်ဝေငှခဲ့ပြန်ပါတယ်။ပုံလေးတွေနဲ့အတူ " ပျောက်ကျားအလှူဒီနေ့ကတော့ ဒိုးနပ်လေးတွေအတွက် ဒိုးနပ် ၊ လက်ဖက်ထမင်းသုပ် နဲ့ မန်ကျီးအချိုရည် ၊ ကြာဇံကြော် ၊ ရေသန့် ၊ ရေခဲချောင်း တို့ ကို စုပေါင်းလှူဖြစ်ပါတယ် ၊ ပြေးလိုက် ၊ ပုန်းလိုက် လှူလိုက် နဲ့ ပါပဲ ၊ safety ကိုဦးစားပေးပါ၊ အဖွဲ့ထဲကမိန်းကလေးတွေကိုစောင့်ရှောက်ကြပါ ၊ ကာကွယ်ပေးကြပါ ၊ ဦးထုပ်အရမ်းအရေးကြီးပါတယ်နော် ၊ ဆောင်းထားပါ ၊ "ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 
Photo Credit : Moeset Wine Facebook Account 

Source & Photo Credit : Moeset Wine Facebook Account 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T