အခုလိုအခြေအနေမှာ အကြမ်းဖက်ပြီး ဖြေရှင်းဖြိုခွင်းတာကိုလုံးဝလက်မခံနိုင်ပါဘူးလို့ ပြည်သူတွေကိုယ်စားပြောလာတဲ့ ပိုးအိအိခန့်

//s9.kh1.co/b0/b075a24fb4b9dcd5ee7e966b13742c0f4e6fd925.jpg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝကို ထူထောင်ထားတာဖြစ်ပြီး ပရိသတ်အားကျရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က သားသားလေး သဲကိုးကိုလည်း မွေးဖွားထားတာဖြစ်လို့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးပါနော်။ ပိုးအိအိခန့်က သူမတို့ မိသားစုလှုပ်ရှားမှု ပုံလေးတွေကို ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ အချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

ဒါကတော့ ဒီကနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် သူမရဲ့ အမြင်လေးကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ရေးသားတင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က " ကလေးတွေ ကိုယ်ဝန်ဆောင်တွေ ကျောင်းသားလေးတွေ အပြစ်မရှိတဲ့ပြည်သူတွေကို လက်နက်အားကိုးအကြမ်းဖက်ပြီး ဖြေရှင်းဖြိုခွင်းတာကိုလုံးဝလက်မခံနိုင်ပါဘူးရှင် ရင်ထဲမှာ အရမ်း ထိခိုက် စိတ်မကောင်းဖြစ်ရပါတယ် ဒီထက်ပိုပြီး ဘာမှ မဖြစ်ကြပါစေနဲ့တော့ ဘေးရန်ကင်းကြပါစေ ကိုယ်တောင် သေမှာ ကြောက်ရင် သူတစ်ပါးကို သေတဲ့အထိ လုပ်တဲ့လုပ်ရပ်က အရမ်းဆိုးရွားလွန်းပါတယ် " ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပါတယ်။

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

ပိုးအိအိခန့်ရေးသားမျှဝေထားတဲ့ အဆိုပါ စာသားလေးတွေကို ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေမှာ တတပ်တအားနဲ့ ပါဝင်အားဖြည့်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်အတွက် ချစ်ရတဲ့ ပရိသတ်တွေက ကောမန့်မှာ အားပေးစကားလေးတွေ ရေးသားပေးခဲ့ပါအုန်းနော်။ 

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

သတင်း အရင်းအမြစ်Source - Poe Ei Ei Khant's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T