ပြည်သူလူထုရဲ့ကျန်းမာရေးအခြေအနေအတွက် အဖွဲ့သားတွေကို အရေးပေါ်အသက်ကယ်နည်းတွေသင်ပြပေးပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဝေဠုကျော်

//s9.kh1.co/42/429c4d89f99a05af3dcc68c2130b0f3d42ab45c8.jpeg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူလူထုရဲ့ကျန်းမာရေးအခြေအနေအတွက် အဖွဲ့သားတွေကို အရေးပေါ်အသက်ကယ်နည်းတွေသင်ပြပေးပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဝေဠုကျော်

လတ်တလောအခြေအနေတွေကြောင့် ပြည်သူလူထုကို တတ်နိုင်သလောက် ကူညီဖေးမပေးဖို့အတွက် ဝေဠုကျော်တို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကလည်း အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့က လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ အတတ်နိုင်ဆုံး ကူညီပေးနေကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ လက်ရှိမှာဆိုရင် အဖွဲ့တွေခွဲကာ လူစုလူဝေးချီတက်ရာနေရာအနှံ့ကို ဆေးပစ္စည်းအစုံအလင်နဲ့ သွားရောက်ကြပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးကြတာဖြစ်ပါတယ်။

Photo CreditWai Lu Kyaw Foundation’s Facebook page 

ဝေဠုကျော်ကလည်း သူ့ရဲ့အဖွဲ့နဲ့အတူ ကိုယ်တိုင်လမ်းမပေါ်ထွက်ပြီး တစ်တပ်တစ်အားဝန်းရံပေးတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့ကတော့ နေ့စဉ်ရက်ဆက် ပြည်သူတွေကိုကူညီပေးပြီး တစ်သားတည်းရပ်တည်နေကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်တို့က ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် အရေးပေါ်ကယ်ဆယ်ရေးနည်းတွေနဲ့စနစ်တကျ စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူလူထုအတွက် ပရဟိတအဖွဲ့တွေကလည်း ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံဆောင်ရွက်နေကြတာဖြစ်ပါတယ်နော်။

Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 

ပြည်သူလူထုကလည်း သူတို့နဲ့အတူအားကြိုးမာန်တက်ဝန်းရံပေးကြတဲ့ ပရဟိတအသင်းတွေကြောင့် ဘာမှပူပင်စရာမလိုဘဲ အဆင်ပြေနေကြတာပဲဖြစ်ပါတယ်။ဝေဠုကျော်ကတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အတွက် အဆင်သင့်ဖြစ်အောင်လို့ သူ့ရဲ့အဖွဲ့သားတွေကို အရေးပေါ်အသက်ကယ်နည်းတွေသင်ပြပေးနေတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေဟာဆိုရင် မနေ့ညကတည်းက စနစ်တကျနဲ့ကြိုတင်ပြင်ဆင်ကြပြီး ပြည်သူတွေကိုကယ်ဖို့အတွက်တစ်တပ်တစ်အားဆောင်ရွက်နေကြတာဖြစ်ပါတယ်နော်။

Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 
Photo CreditWai Lu Kyaw Foundation’s Facebook page 

Source&Photo CreditWai Lu Kyaw Foundation’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T