မင်းသားချောအောင်မင်းခန့်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ​ ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်မင်းခန့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ 

မနေ့ကတော့ ​ပြည်သူတွေများစွာနဲ့ အနုပညာရှင်တွေများစွာဟာ မြေနီကုန်းမှာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွနဲ့ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ အမှန်တရားဘက်ကရပ်တည်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေဗိုက်ဆာပြေအောင် စားစရာတွေလှူဒါန်းနေခဲ့ပါတယ်။ အောင်မင်းခန့်ကတော့ လမ်းပေါ်မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း မောပန်းပြီး ဗိုက်ဆာနေတဲ့ပြည်သူတွေကို အားရပါးရလှူနေတုန်း ပြေးခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။ 

အောင်မင်းခန့်ကတော့ " စားတဲ့သူကလည်း အားရပါးရလှူတဲ့သူကလည်းအားရပါးရ အားရပါးရလှူနေစားနေရင်းကို အားရပါးရ ပြေးခဲ့ရတယ် တချို့ဆို ဆာနေရင်းကို မစားလိုက်ရဘူး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဗိုက်ဆာနေကြတဲ့ ပြည်သူတွေများစွာကို ကြာဇံကြော်တွေလှူဒါန်းနေခဲ့တဲ့ အောင်မင်းခန့်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။