လူရွှင်တော်ကောင်းကျော်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ ကောင်းကျော်ကတော့ ပရိသတ်တွေပျော်ရွှင်ရယ်မောရအောင်ပြုလုပ်ပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

ပြည်သူတွေရဲ့ ဆန္ဒနဲ့ထပ်တူကျတဲ့ ကောင်းကျော်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်လျက်ရှိနေတဲ့ ကောင်းကျော်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံယူချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။သူကတော့ ၂၂၂၂၂လူထုလှုပ်ရှားမှုမှာလည်း ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့သေးတာပဲဖြစ်ပါတယ် ။ 

ကောင်းကျော်ကတော့ " အခုလိုအချိန်မျိုးမှာအကောင့်ထဲက ထွက်သွားပါတို့ဘာတို့ ညာတို့ ပြောနေတာထက်မိမိနဲ့ခံစားမှုမတူဘဲ စည်းလွတ် ဝါးလွတ်တစ်အားအစွန်းရောက်နေတယ်လို့ ထင်ရတဲ့သူတွေကိုခံယူချက်ချင်းမတူညီတဲ့သူတွေကို ပြန်မဆဲတတ် ရိုင်းစိုင်းစွာလည်း ပြန်မပြောတတ်တဲ့သူ ဆိုတော့ လက်က သူအလိုလို ဘလော့မိနေတာကိုတော့ မတတ်နိုင်ဘူးဗျို့ အကုသိုလ်ကင်းအောင်အဲ့ဒီနည်းနဲ့ပြန်ကုစားလိုက်တော့ဘာမှမမြင်မတွေ့ရတော့ အကုသိုလ်အတော်ကင်း သွားတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။