ပရိသတ်ကြီးရေ ဆွဲဆောင်မှုတွေရှိပြီးအသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေတတ်သလို သွယ်လျတဲ့ သူမရဲ့ခန္ဓာကိုယ် အချိုးအစားလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားသူလေးကတော့ဆိုဖီယာပဲ ဖြစ်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

သူမဟာ ခုဆိုရင်နေ့စဉ်တိုင်းလိုလို ပြည်သူတွေနဲ့အတူ လမ်းမထွက်ကာ မမောမပန်းနိုင်ဘဲ ရှေ့ကနေ ဦးဆောင်ကာ တက်တက်ကြွကြွပါဝင်နေတာကြောင့် ပြည်သူပရိသတ်တွေကလည်းလေးစားနေရတာပါ။အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင်သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ ဆိုဖီယာကတော့ လူထူလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

အခုလည်း ယုံကြည်ချက်တွေနဲ့နေပူထဲ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ပြည်သူတွေကို အစားအသောက်များစွာ ရက်ရက်ရောရော ကိုယ်တိုင်ဝေငှခဲ့ပြန်ပါတယ်။ ဒါ့အပြင် မနက်မှာလည်း ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်ရန် အားအင်အပြည့်ဖြစ်နေကြောင်းကိုလည်း "မနက်ဖြန် အတွက် အားအင် အပြည့်ပဲဟေး ကိုနိုင်တဲ့ဘက်က စဖို့ ready ပဲ Self-Defense က အရမ်း အရေးကြီးပါတယ် ကာကွယ် ပါ စည်းလုံးပါ မဖြစ်မနေ ထွက်ပါ"စာလေးကိုဝေမျှခဲ့ပါတယ်။ ဆိုဖီယာရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်ချက်တွေအမြန်ပြည့်ဝပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။