စည်ပင်ဝန်ထမ်းတွေအတွက် ဆန်နဲ့ဆီတွေ ပေးဝေလှူဒါန်းကာ တက်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားနေတဲ့ နေဆန်း

//s9.kh1.co/50/50fa2965f7ed474702db013a14c89d1491f43efb.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို ယနေ့အချိန်ထိ ပရိသတ်အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေတဲ့ သရုပ်ဆောင်နေဆန်းကိုတော့ အားလုံးသိကြမှာပါနော်..။

နေဆန်းကတော့ "ချစ်တီး" ထမင်းဆိုင်ကို ဖွင့်လှစ်ထားပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာကိုလည်း တွေ့မြင်ကြရမှာပါနော်..။

Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc

ဒီကနေ့လေးမှာ နေဆန်းတို့မိသားစုတွေဟာ တာဝန်သိပြီးပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ဝန်ထမ်းအချို့အတွက် စားသောက်ကုန်တွေ လှူဒါန်းကာ တက်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတာ တွေ့ရပါတယ်နော်..။

ပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ စည်ပင်ဝန်ထမ်းများအတွက် ဇလွန်လူငယ်များအဖွဲ့က လှူဒါန်းကြတဲ့ အယောက်(၅၀)စာ ဆန်နဲ့ဆီ တွေပေးဝေလှူဒါန်းခဲ့ကြတာဖြစ်ပြီး ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။

Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc

"စည်ပင် CDM ဝန်ထမ်းများအတွက်

အယောက်(50)စာ

ဆန်(3)ပြည်

ဆီ(50)သား

(27.2.2021)ယနေ့အလှူ

ကျပ် (350000)တန်ဖိုးရှိ ဆန်နှင့်ဆီ ကို

ဇလွန်လူငယ်အဖွဲ့မှလှူဒါန်းပါတယ်

ကုသိုလ် အမျှ အမျှ အမျှ ပါ။

?????.." ဆိုပြီး အလှူပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

အခုလို ပြည်သူတွေအတွက် တစ်တပ်တစ်အားပါဝင်အားဖြည့်လှုပ်ရှားနေတဲ့ နေဆန်းတို့ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကလည်း ကျေနပ်နှစ်သက်နေကြမှာ အသေအချာပါပဲနော်..။

Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc
Photo Ctedit - Chaw Su's Fb Acc

သတင်း အရင်းအမြစ်Chaw Su's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T