ပြည်သူတွေအတွက် အသက်ပေးသွားခဲ့တဲ့ ညီလေး ညီမလေးတွေအတွက် ဂုဏ်ပြုဆုတောင်းမှုတွေကို ပြုလုပ်နေတဲ့ ထက်အောင်ရှိုင်း

//s9.kh1.co/06/067c30b564452f83fcc9a4aa8465096b95769cf8.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.....မော်ဒယ်သရုပ်ဆောင် မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ ယောကျာ်းပီသတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဘော်ဒီကလည်း တောင့်တင်းတာမို့ မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်လက် ပဲဖြစ်ပါတယ်။ထက်အောင်ရှိုင်းဟာ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူ ဖြစ်ပြီး ရင်းနှီးဖော်ရွေ တဲ့အပြုံးတွေနဲ့ အနုပညာအလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေကာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။

Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account

ယခုဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူ လူထုတွေက ငြိမ်းချမ်းစွာ ပါဝင်လှုပ်ရှားနေသလို အနုပညာရှင် အတော်များများကလည်း ပူပေါင်းပါဝင်ကာ ကူညီဖေးမရင်း အလှူအတန်းတွေ များစွာကိုလည်း ပြုလုပ်​ေနကြတာ ဖြစ်ပါတယ်နော်......။အားကြိုးမာန်တတ် ပါဝင်နေတဲ့ထဲတွင် ထက်အောင်ရှိုင်းကလည်း တစ်တပ်တစ်အား ရဲရင့်စွာ ပါဝင်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ညဘက် အချိန်တွင်လည်း ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပေးနေတာလည်း တွေ့ရပါတယ်။

Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account

မနေ့ညကဆိုရင်လည်း ထက်အောင်ရှိုင်းက "ပြည်သူတွေအတွက် အသက်ပေးသွားခဲ့တဲ့ ညီလေး ညီမလေးတွေအတွက် ဂုဏ်ပြုဆုတောင်းပေးရင်း....."ဆိုတဲ့ စာသားကို လူမူကွန်ယက်စာမျက်နှာထက်တွင် ရေးသားဖော်ပြကာ လမ်းထဲတွင် ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ထက်အောင်ရှိုင်းဟာ ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တာမို့ ဝမ်းနည်းကာ ဆုတောင်းမှုပြုလုပ်နေတာ ပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ထပ်တူ ဝမ်းနည်းနေမှာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account
Photo Credit - Htet Aung Shine FB Account

သတင်း အရင်းအမြစ်Htet Aung Shine FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T