နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ဒီနေ့မှာ (၂၇)ရက်မြောက်နေ့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်နော်.....။ ဖေဖော်ဝါရီလ ၁ရက်နေ့တည်းကစတင်ကာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြသလို အနုပညာရှင်တွေကလည်း ပြည်သူတစ်ရပ်အနေနဲ့ ပါ၀င်အားဖြည့်နေကြတာကို တွေ့ရပါတယ်။
အခုလိုပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်ကာ ပါ၀င်နေတဲ့အနုပညာရှင်တွေထဲမှာဆိုရင် နန်းဆုရတီစိုးလည်းအပါအ၀င်ဖြစ်ပါတယ်။ နန်းဆုဟာ တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ကိုယ်ကျပါ၀င်နေကာ လှူဒါန်းမှုတွေကိုလည်းဆက်တိုက်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်.....။
မြန်မာနိုင်ငံ့အနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုကြီးရဲ့ အခြေအနေအရပ်ရပ်ကိုမှတ်တမ်းတင်နေကြတဲ့ သတင်းမီဒီယာများစွာရှိတာကိုလည်း ပရိသတ်တွေအနေနဲ့တွေ့မြင်ကြမယ်ထင်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေကြားကနေ သတင်းရယူပေးနေတဲ့ မီဒီယာသမားတွေအတွက် နန်းဆုဟာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဆုတောင်းပေးနေတာလည်းဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း "သတင်းမီဒီယာဆရာ ဆရာမများ အန္တရယ်ဘေးကင်းပါစေရှင်...." ဆိုပြီးတင်ပေးထားခဲ့တာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Nansu Yati Soe's Facebook acc