လွန်ခဲ့တဲ့ ၂နှစ်က သံဃာတော် (366)ပါးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တဲ့ မိသားစုအမှတ်တရပုံလေးတွေကို တင်ပေးလာတဲ့ နေဆန်း

//s9.kh1.co/03/0377bb60fe70a4bdbc983e0585c33043ea37d22d.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ အနုပညာလောကထဲ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်ပြီး လေးစားချစ်ခင်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးနေဆန်းကတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ နေဆန်းက ဗီဒီယိုခေတ်ကတည်း အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးအောင်မြင်ခဲ့ဖြစ်ပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ 

Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 

သာယာပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားတဲ့ ဦးနေဆန်းက သားသမီး ၂ယောက်ကိုလည်း ပိုင်ဆိုင်ထားသူပါနော်။ အနုပညာလှုပ်ရှားမှုအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတဲ့ ဦးနေဆန်းက လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။ မကြာသေးတဲ့ အချိန်ကလည်း ဦးနေဆန်းက သူရဲ့ မိသားစုအမှတ်တရပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။

Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 

ဒါကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က မိသားစုတွေအတူ ကုသိုလ်ပြုလုပ်နေတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " လွန်ခဲ့တဲ့(2)နှစ်က ဒီလိုအချိန်လေး သံဃာ (366)ပါးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တာ တောင်ဥက္ကလာ ဘုရားမှာမိသားစုနဲ့အမှတ်တရ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးနေဆန်းရဲ့ မိသားစုအမှတ်တရပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 
Photo credit - နယူး ချစ်တီး's FB page 

သတင်း အရင်းအမြစ်Source - နယူး ချစ်တီး's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T