သရဏဂုံ တင်ထားပြီးပြီမို့ မနက်ဖြန်အတွက် လူထုလှုပ်ရှားမှုမှာ ပါဝင်မည်လို့ ပြောလိုက်တဲ့ အလင်းရောင်

//s9.kh1.co/bc/bc39610a5f266c281f9324b7716bd384a107068c.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် အလင်းရောင် ဟာ ဆိုရင်ဖြင့် မနက်ဖြန်မှာ လမ်းမထက် ထွက်ပြီး ပြည်သူတွေ နဲ့ အတူပါဝင်မည် ဖြစ်ကြောင်း ဖော်ပြလာတာ ပဲ ဖြစ်ပါတယ်။ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် တစ်ယောက် အဖြစ်သို့ ခြေစုံပစ် ဝင်ရောက် လာတဲ့ အလင်းရောင်ဟာ ယခုအချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေပြီး ပရိသတ်တွေ အားပေး ထောက်ခံမှုကို အခိုင်အမာရရှိထားကာ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account

ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး ဇာတ်ရုပ်တိုင်းကို ပရိသတ်တွေ ရင်ထဲ ရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာ ကြောင့် ပရိသတ်တွေ အားပေး ထောက်ခံ မှုကို ရရှိ ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ ခန္ဓာကိုယ်ကလည်း ကျစ်လစ်တောင့်တင်းနေပြီး စတိုင်စမက် ကျနေတာကြောင့် မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် ဝန်းရံတာ ကို ခံနေရတာ ပဲ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ အလင်းရောင်ဟာ ပြည်သူတွေနဲ့ အတူ ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး လမ်းပေါ်ထွက်ကာ တသားတည်း ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။

Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account

လက်ရှိဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေမှာလည်း အလင်းရောင်တစ်ယောက်ဟာ လိုအပ်လျှင် လိုအပ်သလို အာဟာရဒါန လှူဒါန်းမှုတွေ လုပ်နေတာ ပဲ ဖြစ်ပါတယ်။နေ့စဥ်ရက်စက် လမ်းမထက်မှာလည်း ဆန္ဒထုတ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ယခုအခါမှာလည်း

"အိမ်ထဲမှာတော့မနေ နိုင်ဘူး

ထောင်ပဲကျကျ

သေပဲ သေသေ

သရဏဂုံ တင်ထားပြီးပြီမို့...

မနက်ဖြန် ၂၈..၂..၂၀၂၁ (တနင်္ဂနွေနေ့)

အထွေထွေသပိတ်ထွက်ကိုထွက်မည်......"ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ ဖော်ပြလာတာကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်......။

Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account
Photo Crd - ALINNYAUNG's FB account

သတင်း အရင်းအမြစ်ALINNYAUNG's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T