ယုံကြည်ချက်တွေနဲ့လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် အစားအသောက်တွေဝေငှပြီး အင်အားဖြည့်ပေးခဲ့တဲ့ ဆိုဖီယာ

//s9.kh1.co/5b/5b8bd6622becd61e97fdf9f4061b4c7500a34fc6.jpeg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

....

ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိပြီးအသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေတတ်သလို သွယ်လျတဲ့ သူမရဲ့ခန္ဓာကိုယ် အချိုးအစားလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားခဲ့သူလေးကတော့ ဆိုဖီယာပဲ ဖြစ်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

သူမဟာ ခုဆိုရင်နေ့စဉ်တိုင်းလိုလို ပြည်သူတွေနဲ့အတူ လမ်းမထွက်ကာ မမောမပန်းနိုင်ဘဲ ရှေ့ကနေ ဦးဆောင်ကာ တက်တက်ကြွကြွ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေကလည်းလေးစားနေရတာပါ။အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင်သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ ဆိုဖီယာကတော့ လူထူလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

အခုလည်း ယုံကြည်ချက်တွေနဲ့နေပူထဲ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ပြည်သူတွေကို အစားအသောက်များစွာ ရက်ရက်ရောရော ကိုယ်တိုင်ဝေငှခဲ့ပြန်ပါတယ်။ ဒါ့အပြင် မနက်ဖန်မှာလည်း ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်ရန် အားအင်အပြည့်ဖြစ်နေကြောင်းကိုလည်း "မနက်ဖြန် အတွက် အားအင် အပြည့်ပဲဟေး ကိုနိုင်တဲ့ဘက်က စဖို့ ready ပဲ Self-Defense က အရမ်း အရေးကြီးပါတယ် ကာကွယ် ပါ စည်းလုံးပါ မဖြစ်မနေ ထွက်ပါ"စာလေးကိုဝေမျှခဲ့ပါတယ်။ ဆိုဖီယာရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်ချက်တွေအမြန်ပြည့်ဝပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account
Photo Credit : Sophia Everest Facebook Account

Source & Photo Credit : Sophia Everest Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T