ပြည်သူတစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာကနေ လူထုလှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲကာလိုအပ်တဲ့ ပစ္စည်းလေးတွေကို လှူဒါန်းနေတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/67/67d0bccc8ccbeec58c1c05603728deaefd53aa0a.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ဆောင်းယွန်းစံဟာ ဆိုရင်တော့ ဇာတ်ကားတွေ အများအပြားကို ရိုက်ကူးထားတာ ဖြစ်ပြီး ရွှေကြိုတစ်ယောက် အဖြစ် အကယ်ဒမီပေးပွဲမှာ မပါဝင်ခင်တည်းက လူသိများ အောင်​မြင်နေတာ ပဲဖြစ်ပါတယ်။ဆောင်းယွန်းစံရဲ့ သရုပ်ဆောင် အရည်အသွေးကလည်း ပိုမိုကောင်းမွန်လာကာ အခုနောက်ပိုင်းမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။ဆောင်းယွန်းစံဟာ လူငယ်ပီပီ သွက်လက်ထက်မြက်သူလေး ဖြစ်ပြီး အွန်လိုင်းစီးပွားရေးကိုပါ တွဲဖက်လုပ်ကိုင်ကာ မိဘကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

အခုဆိုရင်လည်း ဆောင်းယွန်းစံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်တွင် အမှန်တရား နှင့် တရားမျှတမှုကို လိုချင်လို့ ပြည်သူပရိသတ်တွေနဲ့ အတူ ပါဝင်ဆောင်ရွက်နေကာ သူမတတ်နိုင်တဲ့ဘက်ကနေလည်း အလှူအတန်းတွေကို ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။ဆောင်းယွန်းစံကတော့ တက်တက်ကြွကြွနဲ့ ရဲဝင့်စွာ ရပ်တည်နေကြတဲ့ ပြည်သူလူထုကြီး အတွက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေနဲ့ မုန့်တွေ သောက်စရာတွေကို ကိုယ်တိုင်ပါဝင် လှူဒါန်းနေတာလည်း တွေ့ရပါတယ်နော်....။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

ဒီနေ့မှာဆိုရင်လည်း ဆောင်းယွန်းစံက"ဆန္ဒထုတ်ဖော်နေတဲ့သူများကို UBKပန်းပေါင်းစုံရှုဆေး လှူဒါန်းခဲ့ပါတယ် ???"ဆိုပြီး စာလေးနဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ဆောင်းယွန်းစံကတော့ လူမူကွန်ယက် စာမျက် နှာထက်တွင်လည်း သတင်းအချက် အလက်များကို တင်ပေးကာ ပြည်သူတွေနဲ့ တစ်သားတည်းရှိနေတာလည်း ဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်တွေကလည်း ဆောင်းယွန်းစံရဲ့ပါဝင်လှုပ်ရှားမှုနဲ့ လှူဒါန်းမှု ပုံရိပ်လေးတွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

သတင်း အရင်းအမြစ်Saung Yoon San FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T