လူသန်းပေါင်းမ‌ျားစွာကို အချိန်ခဏအတွင်းကူးစက်ခဲ့တဲ့ ရောဂါ

//s9.kh1.co/93/93751484b719f8933b75f509d5e8399cfc0158cd.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခရစ်နှစ် ၁၉၁၈ ခုနှစ်တွင် ကမ္ဘာအနှံ့ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါသည် လူပေါင်း သန်း ၅၀၀ ကို ကူးစက်ခဲ့ကာ ၂၀ ရာစုအတွင်း ကြောက်ဖွယ်အကောင်းဆုံး ကူးစက်ရောဂါဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဥရောပတိုက်တွင်စတင်ဖြစ်ပွားခဲ့သည်။ တုပ်ကွေးသည် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်သော အချိန်အတွင်းကူးစက်ခဲ့ပါတယ်။ ထိုတုပ်ကွေး၏ ကြောက်မက်ဖွယ် မျိုးဗီဇဟာ လူဦးရေ များစွာရှိသည့် နေရာများတွင် အလွန်အမင်း သေကြေပျက်စီးစေခဲ့ကာ စပိန်နိုင်ငံကိုအများဆုံး ထိခိုက်ခဲ့သဖြင့် စပိန် တုပ်ကွေးဟု အမည်ရရှိခဲ့ကာ စပိန်ဘုရင် ၁၃ ဆက်မြောက် အယ်လ်ဖွန်ဆိုပင် တုပ်ကွေးရောဂါ ကူးစက်ခြင်းခံခဲ့ရပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

စပိန်တုပ်ကွေးသည် ပထမကမ္ဘာစစ်အတွင်းက စစ်မြေပြင်များသို့ပင် သက်ရောက်မှုရှိခဲ့ကာ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်များစွာကို ကူးစက်ခဲ့ပြီး စပိန်တုပ်ကွေးကြောင့် သေဆုံးရသည့် အမေရိကန်များအရေအတွက်သည် စစ်မြေပြင်တွင်ကျဆုံးခဲ့သူအရေအတွက်ထက် ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ရေတပ်တွင်တာဝန်ထမ်းဆောင်နေကြသူ ၄၀ ရာခိုင်နှုန်းခန့် တုပ်ကွေး ကူးစက်ခံခဲ့ရသလို ကြည်းတပ်စစ်သည် အားလုံးနီးပါးသည်လည်း ကူးစက်ခံခဲ့ရပါတယ်။

Photo Credit:Google
Photo Credit:Google

ထိုတုပ်ကွေးရောဂါကူးစက်မှုဟာ စီးပွားရေးနှင့် စစ်ရေးကို များစွာထိခိုက်ခဲ့ကာ စစ်သည်များကို ရောဂါ ကူးစက်ခဲ့သဖြင့် ပထမကမ္ဘာစစ်ကြီးကို တိုက်ရိုက်ထိခိုက်စေခဲ့ သည်ဟု ယူဆခဲ့ကြပါတယ်။ သို့သော်လည်း ၁၉၄၀ပြည့်နှစ်များမှာ အဆိုပါ စပိန်တုပ်ကွေးရောဂါကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပါတယ်။ ပရိသတ်ကြီးလဲ ဒီရောဂါအကြောင်းကိုဖတ်ပြီး ကျန်းမာရေးဂရုစိုက်ကြပါ။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T