စည်းလွတ်ဝါးလွတ်နဲ့ အရမ်းအစွန်းရောက်နေတဲ့သူတွေကို ပြန်မဆဲတတ်တာကြောင့် တစ်ခါတည်းတန်းBlockမိကြောင်း ပြောပြလာတဲ့ ကောင်းကျော်

//s9.kh1.co/d6/d66b39e13bed70732b4417bcb02043c685fa21b6.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

စည်းလွတ်ဝါးလွတ်နဲ့ အရမ်းအစွန်းရောက်နေတဲ့သူတွေကို ပြန်မဆဲတတ်တာကြောင့် တစ်ခါတည်းတန်းBlockမိကြောင်း ပြောပြလာတဲ့ ကောင်းကျော်

လူရွှင်တော်ကောင်းကျော်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ ကောင်းကျော်ကတော့ ပရိသတ်တွေပျော်ရွှင်ရယ်မောရအောင်ပြုလုပ်ပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit:   U  Kaung Kyaw ' s Facebook Acc
Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit: U Kaung Kyaw ' s Facebook Acc

ပြည်သူတွေရဲ့ ဆန္ဒနဲ့ထပ်တူကျတဲ့ ကောင်းကျော်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်လျက်ရှိနေတဲ့ ကောင်းကျော်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံယူချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။သူကတော့ ၂၂၂၂၂လူထုလှုပ်ရှားမှုမှာလည်း ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့သေးတာပဲဖြစ်ပါတယ် ။

Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit: U Kaung Kyaw ' s Facebook Acc
Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit: U Kaung Kyaw ' s Facebook Acc

ကောင်းကျော်ကတော့ " အခုလိုအချိန်မျိုးမှာအကောင့်ထဲက ထွက်သွားပါတို့ဘာတို့ ညာတို့ ပြောနေတာထက်မိမိနဲ့ခံစားမှုမတူဘဲ စည်းလွတ် ဝါးလွတ်တစ်အားအစွန်းရောက်နေတယ်လို့ ထင်ရတဲ့သူတွေကိုခံယူချက်ချင်းမတူညီတဲ့သူတွေကို ပြန်မဆဲတတ် ရိုင်းစိုင်းစွာလည်း ပြန်မပြောတတ်တဲ့သူ ဆိုတော့ လက်က သူအလိုလို ဘလော့မိနေတာကိုတော့ မတတ်နိုင်ဘူးဗျို့  အကုသိုလ်ကင်းအောင်အဲ့ဒီနည်းနဲ့ပြန်ကုစားလိုက်တော့ဘာမှမမြင်မတွေ့ရတော့ အကုသိုလ်အတော်ကင်း သွားတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source:  U  Kaung Kyaw ' s Facebook Acc

Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit: U Kaung Kyaw ' s Facebook Acc
Photo Credit:   U Kaung Kyaw ' s Facebook Acc
Photo Credit: U Kaung Kyaw ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T