ညတိုင်းသံဗုံးကိုအားရပါးရတီးပြီး ပြည်သူတွေနဲ့တစ်တပ်တစ်အားပါဝင်ကာ တာဝန်ကျေနေတဲ့အကြောင်းပြသလိုက်တဲ့ ဘေဘီမောင်

//s9.kh1.co/77/77c0c05ac374c04e6892fe0a213c235e37229a5f.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းပြီးချစ်စရာလည်းကောင်းသလို စကားပြောပွင့်လင်းကာ စိတ်သဘောထားလေးလည်း ကောင်းမွန်သူလေးမို့ ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ..။

ဘေဘီလေးကတော့ လက်တလောမှာလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေကာ လှုပ်ရှားမှုတွေမှာပါဝင်နေသလို တက်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

ပုံမတင်ဖြစ်ပေမယ့်လည်း နေ့တိုင်းအပြင်ထွက်တဲ့ အကြောင်းလေးကိုလည်း ပြောပြထားသလို ပြည်သူတွေအတွက် အိမ်ကနေလည်းဘာသာရေးအရ ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ဆုတောင်းကာ မေတ္တာပို့ပေးပြီး တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူလေးလည်း ဖြစ်ပါတယ်..။

ဘေဘီမောင်ဟာ ညတိုင်း သံဗုံးကိုအားရပါးရတီးကာ ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်ကာ သူမအနေနဲ့ ညတိုင်းလည်း တာဝန်ကျေနေတဲ့အကြောင်းလေးတွေကို ဓာတ်ပုံလေးတွေနဲ့အတူ ပြသလိုက်ပြန်ပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"တီးချိန်တန်ရင်တီးရမှာပဲ??‍♀️.." ဆိုပြီး တာဝန်ကျေစွာသံဗုံးတီးခဲ့နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဘေဘီမောင် ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှထားကာ ပြည်သူတွေနဲ့ ရပ်တည်နေကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်နော်..။

ပြည်သူတွေနဲ့အတူရှိနေပြီး တက်နိုင်တဲ့ဘက်ကနေ ဖေးမကူညီမှုတွေနဲ့အတူ ပါဝင်အားဖြည့်နေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကိုတော့ ပရိသတ်တွေအချစ်ပိုနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T