လမ်းပေါ်မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း မောပန်းပြီး ဗိုက်ဆာနေတဲ့ပြည်သူတွေကို အားရပါးရလှူနေတုန်း ပြေးခဲ့ရကြောင်း ပြောပြလာတဲ့အောင်မင်းခန့်

//s9.kh1.co/35/35805820c67b7409ef5ed184424e5992e2e50620.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း မောပန်းပြီး ဗိုက်ဆာနေတဲ့ပြည်သူတွေကို အားရပါးရလှူနေတုန်း ပြေးခဲ့ရကြောင်း ပြောပြလာတဲ့အောင်မင်းခန့်

မင်းသားချောအောင်မင်းခန့်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ​ ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်မင်းခန့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။

Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc

မနေ့ကတော့ ​ပြည်သူတွေများစွာနဲ့ အနုပညာရှင်တွေများစွာဟာ မြေနီကုန်းမှာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွနဲ့ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ အမှန်တရားဘက်ကရပ်တည်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေဗိုက်ဆာပြေအောင် စားစရာတွေလှူဒါန်းနေခဲ့ပါတယ်။ အောင်မင်းခန့်ကတော့  လမ်းပေါ်မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း မောပန်းပြီး ဗိုက်ဆာနေတဲ့ပြည်သူတွေကို အားရပါးရလှူနေတုန်း ပြေးခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc

အောင်မင်းခန့်ကတော့ " စားတဲ့သူကလည်း အားရပါးရလှူတဲ့သူကလည်းအားရပါးရ  အားရပါးရလှူနေစားနေရင်းကို အားရပါးရ ပြေးခဲ့ရတယ် တချို့ဆို ဆာနေရင်းကို မစားလိုက်ရဘူး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဗိုက်ဆာနေကြတဲ့ ပြည်သူတွေများစွာကို ကြာဇံကြော်တွေလှူဒါန်းနေခဲ့တဲ့ အောင်မင်းခန့်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source:Aung Min Khant ' s Facebook Acc

Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Photo Credit: Aung Min Khant ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T