လမ်းပေါ်က ပြည်သူတွေအတွက် ကိုယ်တိုင်အပင်ပန်းခံလုပ်ထားတဲ့ ကြာဇံကြော်အပြင် အအေးနဲ့ ရေသန့်ဘူးများကိုပါ လှူဒါန်းပေးခဲ့တဲ့ ဖွေးဖွေးရဲ့ ဗီဒီယို

//s9.kh1.co/0b/0b81ec7c7300513407ba475ee3547500257ba75f.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ လတ်တလောမှာဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ပြည်သူပြည်သားတွေက လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်ဖြင့် ယနေ့အချိန်ထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေမှာတော့ ပြည်သူတွေအပြင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများ နဲ့ အနုပညာရှင်များစွာက တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် တချို့အနုပညာရှင်တွေက တက်နိုင်တဲ့ ဘက်ကနေ စားသောက်စရာလေးတွေ ဝေငှလှူဒါန်းပေးတာ တွေ့ရပါတယ်။

Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page

ယခုမှာဆိုရင်လည်း နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ရဲဝံ့စွာနဲ့ လမ်းမပေါ်ထွက်ပြီး တိုင်းပြည်အတွက် လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေအတွက် ကြည်နူးစရာအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုလည်း သူမရဲ့ Myday မှာ ပရိသတ်တွေအတွက် ဖော်ပြပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး ကြော်ထားတဲ့ ကြာဇံကြော်တွေအပြင် အမောပြေသောက်စရာ အအေးနဲ့ ရေသန့်ဘူးများကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page
Photo Credit - Phway Phway fb page

မင်းသမီးချောလေး ဖွေးဖွေးကတော့ အရင်ရက်တွေကလည်း လမ်းမပေါ်ထွက်ပြီး ပြည်သူပြည်သားတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ အပြင် ယခုလိုမျိုး အလှူလေးတွေကို လှူဒါန်းပေးတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ထင်ပေါ်ကျော်ကြားမှုကိုဘေးချိတ်ထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးတာဟာ တကယ့်ကို လေးစားဖို့ကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး ဖွေးဖွေးရဲ့ ကြည်နူးစရာ အလှူဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Phway Phway Fb Myday

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T