အဆိုတော်မလေး ယွန်းမြတ်သူကတော့ အသံအေးအေးလေးနဲ့ သီချင်းလေးတွေကို သီဆိုတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့သီချင်းတိုင်းဟာလည်း ပရိသတ်တွေတိုင်းက အထူးနှစ်ခြိုက်အားပေးနားဆင်နေကြတာလည်း ဖြစ်ပါတယ်။ ယွန်းမြတ်သူဟာ စိတ်သဘောထားကောင်းပြီးလူတိုင်းအပေါ်မှာလည်းကူညီချင်စိတ်ရှိတာကြောင့် အားလုံးက ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလော လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
မနေ့ကလည်း မြန်မာပလာဇာရှေ့တွင် အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက် ထမင်းဘူး၊ရေခဲချောင်းနဲ့ ဒိုးနတ်တွေ လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ Myanmarload TV ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ယွန်းမြတ်သူတို့အဖွဲ့ရဲ့ လှူဒါန်းပုံတွေကိုလည်း ဝေမျှပေးထားတာလည်း ဖြစ်ပါတယ်။ " မြန်မာပလာဇာရှေ့မှာ ငြိမ်းချမ်းစွာနဲ့အထိုင်ဆန္ဒထုတ်ဖော် နေကြတဲ့ ပြည်သူတွေကို အဆိုတော်ယွန်းမြတ်သူတို့အနုပညာ သူငယ်ချင်းတွေ စုပေါင်းပြီး ထမင်းဘူး(၁၀၀၀)ဘူး၊ ရေခဲချောင်း(၁၀၀၀)ချောင်း၊ နဲ့ ဒိုးနတ် (၂၀၀၀)ခုတို့ကို ပြည်သူတွေအတွက် ပါဝင်အားဖြည့်လှူဒါန်းခဲ့တာတွေ့ရပါတယ်။
" ယွန်းတို့ ဒီနေ့အလှူမှာ ကိုဗြတ္တတို့ ယေးယေးတို့အပါအဝင် ယွန်းရဲ့သူငယ်ချင်း တစ်ခြားအနုပညာရှင်တွေအားလုံးစုပေါင်းအလှူငွေစိုက်ထည့်ပြီးတော့ ဒီနေ့လာလှူဖြစ်တာပါ။ အလှူလည်းလုပ်ရင်း ဒီကပြည်သူတွေအားလုံးနဲ့အတူငြိမ်းချမ်းစွာနဲ့ အထိုင်ဆန္ဒထုတ်ဖော်ရင်း၊ ပြည်သူတွေအတွက် ခွန်အားဖြည့်သီချင်းတွေကိုလည်းအတူသီဆိုသွားမှာပါ၊ ယွန်းတို့က ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ ပြည်သူအားလုံး အခုအချိန်ခံစားနေရတဲ့ ခံစားချက်နဲ့ကတစ်ထပ်တည်းအတူတူပါပဲ။ အားလုံးအတူ ဒီမတရားမှုကြီးကို တွန်းလှန်သွားမှာပါ။ အားလုံးလည်း အားတင်းထားကြပါ" လို့ အဆိုတော်ယွန်းမြတ်သူက ပြောကြားခဲ့ပါတယ်။
#ငြိမ်းချမ်ပါစေ_မြန်မာပြည်
#ပြည်သူ့အသံ
#Myanmarload #MyanmarloadTV “ ဆိုပြီး သူမကို အင်တာဗျူးထားတဲ့ စာလေးတွေကိုပါ တင်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးရဲ့ ကြိုးစားမှုတွေကြောင့် မကြာခင်မှာ အရေးတော်ပုံကြီး အောင်မြင်တော့မှာဖြစ်တဲ့အတွက် လူထုလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင် ပေးကြပါဦးနော်။
Source and Photo Crd-Myanmarload TV’s Facebook Page