ငရဲနဲ့ဝဋ်က အမြဲလိုက်နေမယ်ဆိုတာကို မမေ့ကြဖို့မှာရင်းနဲ့ သူများအပေါ်မှာအနိုင်မကျင့်ဘဲ ကိုယ်ချင်းစာတတ်စေဖို့ အကြံပေးလိုက်တဲ့ ပိုပို

//s9.kh1.co/40/400520ae37eba587d31dbdf7a29bea119d88bb20.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ငရဲနဲ့ဝဋ်က အမြဲလိုက်နေမယ်ဆိုတာကို မမေ့ကြဖို့မှာရင်းနဲ့ သူများအပေါ်မှာအနိုင်မကျင့်ဘဲ ကိုယ်ချင်းစာတတ်စေဖို့ အကြံပေးလိုက်တဲ့ ပိုပို

အဆိုတော်မလေး ပိုပိုက တေးသီချင်းကောင်းများစွာနဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာတော့ ပိုပိုက ပြည်သူတစ်ယောက်နေရာကနေ သူမရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုနေတာပဲ ဖြစ်ပါတယ် ။ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့ ပိုပိုက ပြည်သူတွေဘက်ကနေ ရပ်တည်နေသလို အားပေးစကားတွေလည်း အမြဲတမ်းပြောပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page

ဒီရက်ပိုင်းမှာ ပိုပိုက ဂီတလောကသားတွေ စုံစုံလင်လင်ပါဝင်တဲ့ ဂီတအနုပညာရှင်အဖွဲ့နဲ့အတူ လူထုလှုပ်ရှားမှုတွေကို တက်ညီလက်ညီ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ် ။ လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ သူမတို့ရဲ့ဆန္ဒတွေကို ကြွေးကြော်အော်ဟစ်ကာ တောင်းဆိုနေတဲ့ ပိုပိုကတော့ နေ့တိုင်း အားအင်အပြည့်နဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ် ။ အခုလည်း ပိုပိုက သူမခံယူထားတဲ့သဘောထားလေးကိုပြောပြပြီး ပြည်သူပရိသတ်တွေကို အကြံပေးထားတာ ဖြစ်ပါတယ် ။

Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page
Photo Credit -ပိုပို's FB Page

ပိုပိုက "ကျွန်မဟာ ထေရဝါဒဗုဒ္ဓဘာသာတစ်ဦးပါ မြတ်စွာဘုရားရဲ့မေတ္တာသည်သာ အောင်မြင်ခြင်းဆိုတဲ့တရားကို ယုံကြည်လက်ခံပါတယ် ကိုယ့်ကိုယုတ်မာတာ အနိုင်ကျင့်တာတို့ ကိုယ်မကြိုက်တာကို သူများက ကိုယ့်အပေါ်လုပ်ရင် မကြိုက်ရင် ကိုယ်မကြိုက်တဲ့အရာကို သူများအပေါ်ကိုလည်း ဘယ်တော့မှ ပြန်မလုပ်ပါဘူး မိတ်ဆွေတို့လည်း သူများကို ပြန်မလုပ်ပါနဲ့ စကားလုံးတွေနဲ့ အနိုင်မကျင့်ပါနဲ့ မေတ္တာထားပါ ကိုယ်ချင်းစာပါ ??ငရဲ နဲ့ဝဋ်က နောက်က အမြဲလိုက်နေမှာမမေ့ပါနဲ့ ( ကျွန်မကို သဘောမကျရင်လည်း unfri & block လုပ်ပါ ကျွန်မကလည်း သဘောမကျရင် လုပ်မှာပါ) " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပိုပိုရဲ့ရင်တွင်းစကားလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Source & Photo Credit -ဝတ်ရည်မိုး's FB Acc

Photo Credit -Po Po's FB Page
Photo Credit -Po Po's FB Page
Photo Credit -ဝတ်ရည်မိုး's FB Acc
Photo Credit -ဝတ်ရည်မိုး's FB Acc
Photo Credit -Po Po's FB Page
Photo Credit -Po Po's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T