မနေ့က မြေနီကုန်းဘက်ကိုရောက်ချိန်မှာ အခြေအနေမကောင်းတာနဲ့ကြုံခဲ့ရပေမယ့် ကံကောင်းလို့ ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ခဲ့တဲ့ ခင်လှိုင်

//s9.kh1.co/e5/e52d409febca359e6a29c013e542e3630dad5ced.jpeg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မနေ့က မြေနီကုန်းဘက်ကိုရောက်ချိန်မှာ အခြေအနေမကောင်းတာနဲ့ကြုံခဲ့ရပေမယ့် ကံကောင်းလို့ ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ခဲ့တဲ့ ခင်လှိုင်

သရုပ်ဆောင်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ဇာတ်ကားများစွာကိုဖန်တီးနေတဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ ရပ်တည်နေတာနှစ်ပေါင်းများစွာကြာမြင့်နေပါပြီနော်။ခင်လှိုင်က အနုပညာဗီဇပါကြတဲ့သားနဲ့သမီးကိုလည်း သေချာသင်ကြားပေးပြီး အနုပညာလမ်းကြောင်းပေါ်တင်ပေးတာဖြစ်ပါတယ်။ခင်လှိုင်ကတော့ သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေပြီး အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့လည်းမိသားစုကိုရင်အုပ်မကွာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Khin Hlaing’s Facebook Account

ခင်လှိုင်တို့မိသားစုလေးက ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပြီး အရမ်းစည်းလုံးကြတဲ့မိသားစုလေးဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း ခင်လှိုင်တို့တစ်မိသားစုလုံးက နေ့တိုင်းလမ်းပေါ်ထွက်ပြီး တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံနေကြတာဖြစ်ပါတယ်။ခင်လှိုင်တို့က အနုပညာရှင်အသိုင်းအဝိုင်းနဲ့အတူ ပြည်သူတွေဘက်ကနေ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ခင်လှိုင်ကတော့ လတ်တလောမှာဆိုရင် နေ့စဉ်ရက်ဆက်လမ်းမပေါ်ထွက်ပြီး အားကြိုးမာန်တက်လှုပ်ရှားနေတာတောင် မမောမပန်းနိုင်ဘဲခွန်အားအပြည့်ဖြစ်ပါတယ်နော်။

Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ကဆိုရင်လည်း ခင်လှိုင်က ဇင်ဝိုင်း၊ညီနန္ဒ စတဲ့အနုပညာရှင်တွေနဲ့အတူ ထိုင်းသံရုံးရှေ့ကိုအရင်သွားပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ခင်လှိုင်တို့က မြေနီကုန်းဘက်ကို ဆက်လက်ချီတက်လာခဲ့ရာ အခြေအနေမကောင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ခင်လှိုင်ကတော့”ဒီနေ့မနက်ကျွန်တော်တို့ ထိုင်းသံရုံးရှေ့ပြီးတော့မြေနီကုန်းကိုဆက်ထွက်ခဲ့တယ်မြေနီကုန်းရောက်ချိန်မှာတော့......ကံကောင်းလို့ဘေးမသီရန်မခ...ဘုရားဘုရားဘုရား”ဆိုပြီး ဘေးအန္တရာယ်ကြုံခဲ့ရတာကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account
Photo Credit:Khin Hlaing’s Facebook Account

Source&Photo Credit:Khin Hlaing’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T