စတုဒီသာအလှူလေးလုပ်ချင်ပေမယ့် မထင်မှတ်ထားတဲ့အခြေအနေတွေကြောင့် နေရာပြောင်းလဲလှူဒါန်းဖို့ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတဲ့ ညီညီမောင်

//s9.kh1.co/80/80852504e469852640d92b1b4da78bc1aa4e6ea5.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လက်ရှိမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေလည်း စိုးရိမ်ပူပန်မှုတွေနဲ့အတူ ရင်ဆိုင်ကြုံတွေ့နေကြရပြီး အခက်အခဲတွေကြားထဲကနေ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်နော်..။

ပြည်သူပရိသတ်တွေနဲ့အတူ နယ်ပယ်အသီးသီးကအနုပညာရှင်တွေတော်တော်များများကလည်း ကျောသားရင်သားမခွဲခြားဘဲ အားလုံးနဲ့အတူရပ်တည်ကာ ကိုယ်စီအနာဂတ်တွေအတွက် အတတ်နိုင်ဆုံးကြိုးစားရုန်းကန်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

အလှူအတန်းတွေနဲ့ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြသလို ညီညီမောင်(စမ်းချောင်း)ကလည်း လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်နေတဲ့အပြင် စတုဒီသာအလှူလေးတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာလည်း သုသုဟာ မြေနီကုန်းမှာစတုဒီသာအလှူလေးလုပ်ချင်ပေမယ့် မထင်မှတ်ထားတဲ့အခြေအနေတွေကြောင့် ပြောင်းလဲလှူဒါန်းဖို့ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတဲ့ပုံရိပ်လေးတွေနဲ့ အလှူအကြောင်းလေးကိုလည်း ဝေမျှပြောပြထားပါသေးတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"ဒီနေ့တော့ လပြည့်နေမို့ ထမနဲထိုးပြီး မြေနီကုန်းမှာ စတုဒီသာ ကြွေးမယ်ပေါ့နော် (ဒါပေမဲ့ မထင်မှတ်တာဖြစ်လာတော့ မကြွေးဖြစ်တော့ပါဘူး)

မနက်ဖြန် မနက်ဘုရားတင်မယ် ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်းတွေပို့မယ် အိမ်နီးနားတွေဝေ မိတ်ဆွေတွေဝေ နှစ်စဉ်မပြတ် တပို့တွဲလ ကုသိုလ်လေးပေါ့ရှင် ?

ရှိလားမေးရင်မရှိပါဘူး အဲ့မရှိတဲ့အထဲကလှူနေရတာလေးကိုပဲ ကြည်နူးပီတိဖြစ်ရပါတယ်❤️.." ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှထားတာပါ..။

အခုလိုအချိန်မျိုးမှာ တက်အားသရွေ့အလှူလေးတွေလုပ်ရင်း အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေကြတဲ့ သုသုနဲ့မိသားစုမိတ်ဆွေတွေရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း ပီတိလေးတွေနဲ့အတူသဘောကျနေကြလိမ့်မှာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T