အထက(၂)သင်္ဃန်းကျွန်းက ကျောင်းသားဟောင်းတွေနဲ့အတူပါဝင်လှုပ်ရှားရင်း ပြည်သူတွေစိတ်အားတက်စေဖို့အတွက် သီချင်းတွေကို သီဆိုပေးနေတဲ့ Gfatt

//s9.kh1.co/f5/f59ded933328219696f946bd083ab8e7deb6299e.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အထက(၂)သင်္ဃန်းကျွန်းက ကျောင်းသားဟောင်းတွေနဲ့အတူပါဝင်လှုပ်ရှားရင်း ပြည်သူတွေစိတ်အားတက်စေဖို့အတွက် သီချင်းတွေကို သီဆိုပေးနေတဲ့ Gfatt

အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Gfattကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ Gfattကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏမျှဝေပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc

ပြည်သူတွေကို စားစရာတွေလှူဒါန်းလေ့ရှိတဲ့ အဆိုတော်Gfattကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ နေ့စဥ်ပါဝင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ယခုမှာ အထက(၂)သင်္ဃန်းကျွန်းက ကျောင်းသားဟောင်းတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ပြည်သူတွေစိတ်အားတက်စေဖို့အတွက် သီချင်းတွေကို သီဆိုပေးနေခဲ့ပါတယ်။ Gfattကတော့ သူတက်ကျွမ်းတဲ့ အဆိုပညာနဲ့ ပြည်သူတွေကို မမောနိုင်မပန်းနိုင်သီဆိုပေးနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc

Gfattကတော့ " အ ထ က ( ၂ ) သင်္ဃန်းကျွန်းလို့​ခေါ်တယ် ထ၂ ရာဇဝင်ဟာ ၈၈ထဲက မရိုင်းခဲ့ဘူး ငါတို့​ခေတ်မှာလဲ မရိုင်း​စေရဘူး အာဏာရှင်​တွေ ကျရှုံးပါ​စေ အ​ရေး​တော်ပုံ​အောင်ရမည် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထူလှုပ်ရှားမှုမှာ ပါဝင်ရင်း ပြည်သူတွေနဲ့အတူ သီချင်းတွေ သီဆိုနေတဲ့ Gfattရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Gfatt ' s Facebook Acc

Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Photo Credit: Gfatt ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T