ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့လေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစုတွေက ဆုမွန်ကောင်းတွေတောင်းပေးကြတာဖြစ်လို့ ပျော်ရွှင်စရာကောင်းတာလည်း ဖြစ်ပါတယ်။ ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူတွေထဲမှာမှ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
နှင်းဆီရင်ခွင်အငြိမ့်အဖွဲသားတွေဖြစ်တဲ့ သူတို့နှစ်ယောက်က အနုပညာညီအစ်ကိုတွေဖြစ်ကြပြီး အရမ်းကို ခင်မင်ရင်းနှီးကြတာလည်းဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ မွေးနေ့လေးမှာတော့ ထွန်းထွန်းက အရင်နှစ်က ပုံအဟောင်းလေးတွေကို တင်ပေးလာရင်း ဆုတောင်းစကားလေးလည်း ပြောပေးလာခဲ့ပါတယ်။ ဒါကတော့ " Happy Birthday ပါအစ်ကိုကြီး ညီတစ်ယောက်လိုအမြဲပြောဆိုဆုံးမပေးတဲ့ သူငယ်ချင်းလိုလည်းပေါင်းသင်းဆက်ဆံပေးတဲ့ ကျွန်တော် ချစ်ရတဲ့ ကိုကျော် မွေးနေ့မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေဗျာ" ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။
အသက်အရွယ်ကွာဟပေမယ့် သူငယ်ချင်းတွေလို ခင်မင်းရင်းနှီးကာ ပေါင်းသင်းတတ်တဲ့ မင်းမော်ကွန်းအတွက် မွေးနေ့ဆုတောင်းပေးတဲ့ ထွန်းထွန်းရဲ့ စာသားလေးကို ပရိသတ်တွေ ဖတ်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ပရိသတ်တွေကလည်း ဒီကနေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းအတွက် ကောမန့်မှာ ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါအုန်းနော်။
သတင်း အရင်းအမြစ်៖ Source - Htin Aung Tun's Facebook Account