အခက်အခဲတွေကြားမှာကြိုးစားနေတဲ့ဖခင်ဖြစ်သူအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မင်းမော်ကွန်းရဲ့သမီးလေးလေပြေသွေး

//s9.kh1.co/22/2217179a67d33ea7bb2a7d8cb576b9c22e9c6a68.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေရဲ့မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ မင်းမော်ကွန်းရဲ့သမီးချောလေး လေပြေသွေးကလည်း အပါအဝင်ပါပဲ..။

မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တွေကတည်းက ဇာတ်ကားတွေများစွာရိုက်ကူးပြီး ယနေ့အချိန်အထိ ပရိသတ်တွေရဲ့တစ်ခဲနက်အချစ်တွေကိုရရှိထားသလို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာလှုပ်ရှားမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်..။

Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc

မင်းမော်ကွန်းရဲ့ သမီးလေးလေပြေသွေးဟာ ဒီကနေ့မှာကျရောက်လာတဲ့ ဖခင်ဖြစ်သူရဲ့မွေးနေ့လေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးဆိုလိုက်ပါတယ်နော်..။

အားလုံးရဲ့အနာဂတ်တွေအတွက် အခက်အခဲတွေကြားထဲမှာ အစွမ်းကုန်ကြိုးစားနေတဲ့ ဖခင်မင်းမော်ကွန်းအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးဆိုထားသလို မိသားစုတွေနဲ့အတူ မရှိနေနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းလေးကိုလည်း လေပြေသွေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားတာ ဖြစ်ပါတယ်..။

Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc

"ရန်ကုန်မှာ 12 မထိုးသေးပေမဲ့ happy birthday Phay ❤️

ခုချိန်မှာဖေတို့မေတို့နဲ့တူတူမရှိပေးနိုင်တာသမီးစိတ်မကောင်းဘူး

အစစအရာရာဂရုစိုက်ပါဖေနေကောင်းအောင်လည်းနေပါ

I love you and miss you ❤️.." ဆိုပြီး ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးဆိုထားတာ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ခင်မင်ရင်းနှီးကြတဲ့မိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းနဲ့အတူ မင်းမော်ကွန်းအတွက်ဘေးကင်းဖို့အတွက် ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာတွေ့ရပါတယ်နော်..။

Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc
Photo Credit - LayPyay Thway's Fb Acc

သတင်း အရင်းအမြစ်LayPyay Thway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T