ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေကိုလွှတ်ပေးဖို့အတွက် လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတဲ့ R ဇာနည်တို့ဂီတလောကသားများ

//s9.kh1.co/af/afb961626095b26d3025f63be92c7c401c2166f7.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေကိုလွှတ်ပေးဖို့အတွက် လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတဲ့ R ဇာနည်တို့ဂီတလောကသားများ

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်တော့ ပြည်သူတွေအပြင် အနုပညာရှင်တွေနဲ့ ဂီတလောကသားတွေကပါ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ အနုပညာရှင်များအဖွဲ့က နေ့တိုင်းလိုလို ပြည်သူလူထုတွေနဲ့အတူ တက်တက်ကြွကြွပါဝင်သလို ဂီတလောကသားတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။ ဂီတအနုပညာရှင်များအဖွဲ့မှာတော့ တေးသံရှင်တွေ အများအပြားပါဝင်ကြတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

မျိုးကျော့မြိုင်၊ R ဇာနည်၊ ရန်ရန်ချမ်း၊ ဖိုးကာ ၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလိုင်၊ ကျားပေါက်၊ G Fatt ၊ဖြိုးလေး၊ ဖြိုးပြည့်စုံ၊ ထက်ယံ၊ ဘီလီလမင်းအေး၊ ပိုပိုနဲ့ ဝါဆိုမိုးဦးစတဲ့ နာမည်ကြီးတေးသံရှင်တွေပါဝင်တဲ့အဖွဲ့က မနေ့ကလည်း လမ်းပေါ်ကိုအတူတူထွက်ပြီး ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဂီတအနုပညာရှင်တွေအားလုံးက စုပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေကို ပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ဂီတအနုပညာရှင်များအဖွဲ့က မြန်မာပလာဇာအရှေ့မှာထိုင်ပြီး သူတို့ရဲ့ကြွေးကြော်သံတွေကို အားလုံးကြားစေရန် စည်းလုံးညီညွတ်စွာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြတဲ့ ဂီတအနုပညာရှင်တွေက အခုချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ် ။ ကဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်များအား ပြန်လည်လွတ်မြောက်ပေးရန်အတွက် တောင်းဆိုခဲ့ကြတဲ့ ဂီတအနုပညာရှင်များရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source - Myanmarload TV

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T