ရဲဝံ့စွာနဲ့ လူထုလှုပ်ရှားမှုမှာပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ကြည်နူစရာအလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/3f/3f22e0793ff563704c8e0e7186e4b3fdc5c5f986.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချော ပိုးကြာဖြူခင် ဟာ ချစ်စရာအပြုံးလေးတွေအပြင် တမူထူးခြားတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်  က MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ Photo Shooting နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit - Poe Kyar Phyu Khin  fb page

လတ်တလောမှာဆိုရင်တော့ မင်းသမီးချော ပိုးကြာဖြူခင်တို့ မိသားစုက အမှန်တရားလိုလားကြတဲ့ ပြည်သူပြည်သားတွေရဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်နိုင်တဲ့ဘက်နေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ စားသောက်စရာတွေ ဝေငှလှူဒါန်းပေးတာ တွေ့ရပါတယ်။ ဒါ့အပြင် ပိုးကြာဖြူခင်က သူတို့မိသားစုလေးရဲ့နေ့စဥ်ပြုလုပ်တဲ့ ကြည်နူစရာ ကုသိုလ်ဒါနပြု အလှူလေးတွေကို လူမှုကွန်ယက်မှာ ဖော်ပြပေးပါတယ်။ ယခုမှာလည်း ပိုးကြာဖြူခင်က နောက်ထပ် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

Photo Credit - Poe Kyar Phyu Khin  fb page
Photo Credit - Poe Kyar Phyu Khin fb page
Photo Credit - Poe Kyar Phyu Khin  fb page
Photo Credit - Poe Kyar Phyu Khin fb page

ဒီလှူလေးကတော့ လမ်းမပေါ်ထွက်ပြီး တိုင်းပြည်အတွက် ရဲဝင့်စွာ လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေအတွက် စားသောက်စရာများလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း "ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူပြည်သား များအတွက် ကျမတို့မိသားစု ရဲ့ အမောပြေ အအေး နဲ့ အဆာပြေမုန့်အလှူ အလှူမှာ Vitamin C orange အလုံး ၆၀၀ ပါဝင်လှူဒါန်းပေးခဲ့တဲ့ ကိုစိုးလှိုင် မိသားစုကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ကဲ...ပရိသတ်ကြီးရေ မွန်မြတ်တဲ့ အလှူလေးကို တက်နိုင်တဲ့ဘက်နေ ပြုလုပ်ပေးခဲ့တဲ့ ပိုးကြာဖြူခင်ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦး။

Photo Credit - Poe Kyar Phyu Khin  fb page
Photo Credit - Poe Kyar Phyu Khin fb page
Photo Credit - Poe Kyar Phyu Khin  fb page
Photo Credit - Poe Kyar Phyu Khin fb page

သတင်း အရင်းအမြစ်Source - Poe Kyar Phyu Khin fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T