ဘာမြူဒါ တြိဂံလို လူတွေ သင်္ဘောတွေ ပျောက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Devil's Sea

//s9.kh1.co/4a/4a2f8d4459bc60dd0921e27987066a4f998c9ad3.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.


ဂျပန် နိုင်ငံ ကန်ရိုးတန်းအလွန် ပစိဖစ် သမုဒ္ဒရာ ထဲမှာရှိတဲ့ Devil's sea က ဘာမြူဒါ တြိဂံ လိုဘဲနာမည်ဆိုးနဲ့ကျော်ကြား ပါတယ်။ လဒ်တီကျုတစ်တန်းတည်းကြနေတဲ့ ဒီ Triangle နှစ်ခုမှာတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေထပ်တူကြနေပီး အရပ်မျက်နှာညွန်ပြတဲ့သံလိုက်အိမ်မြှောင် ဖေါက်လွဲဖေါက်ပြန်ဖြစ်မှု၊ ထူဆန်းတဲ့အလင်းရောင်တွေ တွေ့ရှိခဲ့မှု ၊ ထူးဆန်းတဲ့ အရာဝထ္တုများတွေ့ရှိမှု ၊ပဟေဋ္ဌိဆန်ဆန်ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

Photo from google
Photo from google

ဂျပန်ငါးဖမ်း အဖွဲ့အာဏာပိုင်တွေကတောင် ဒီဧရိယာဟာ အလွန်အန္ဓရာယ်များတာကြောင့်သတိထားနေရပါတယ်။1952 ခုနှစ်မှာတော့ပဟေဋ္ဌိဆန်တဲ့ Devil's sea ကို စူးဆန်းဖို့ Kaio Maru No.5 ဆိုတဲ့သင်္ဘောကို အာဏာပိုင်တွေစေလွတ်ခဲ့ကြပါတယ်။ဒါပေမယ့် ၄င်းသင်္ဘော အပါအဝင် သင်္ဘောသား ၃၂ ယောက်ဟာ ဘာကြောင့်မှန်းမသိပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် လူတွေရဲ့ပြောစကားအရ Devil's sea ကိုဖြတ်ပြီး ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ကြိုးစားရာကနေ ပျောက်ဆုံးသွားတဲ့ လူဦးရေဟာ 40000 လောက်ရှိနေပြီလို့လည်း သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ဒီလို ဖြစ်ရပ်တွေကြောင့်လည်း နတ်ဆိုးပင်လယ်လို့ခေါ်တဲ့ (Devil's Sea) ဟာ ဘာမြူဒါတြိဂံလိုမျိုး ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်နေပီလားဆိုတဲ့ ကိစ္စဟာ ပညာရှင်တွေကြား အကြပ်ရိုက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း Devil's Sea အတွင်းမှာ ဘာ့ကြောင့်လူတွေပြောက်ဆုံးသွားသလဲဆိုတာကိုတော့ လက်ရှိအချိန်ထိ ဘယ်သူမှ သေသေချာချာ မပြောနိုင်သေးပါဘူး။



Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Thutazone

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T