နေပူထဲမှာ နိုင်ငံအတွက် အပင်ပန်းခံနေကြတဲ့ ပြည်သူတွေကို တက်နိုင်တဲ့ ဘက်ကနေ အလှူဒါနလေးပြုလုပ်ပေးခဲ့တဲ့ လမင်းကဗျာ

//s9.kh1.co/f3/f3fb28e1f9654fc157dc3e708cbf79c173bf771f.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ကားတစ်ကားဖြစ်မြောက်ရေးအတွက် ဇာတ်ဆောင်မင်းသား မင်းသမီးတွေက အဓိက ကျသလို ဇာတ်ပို့သရုပ်ဆောင်တွေကလည်း အပါမဖြစ်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာမှ လမင်းကဗျာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါ။ လမင်းကဗျာက ရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်လေ့ရှိသူဖြစ်ပြီး Photo shooting တွေကိုရိုက်ကူးလေ့ရှိတာကို တွေ့ရပါတယ်။ 

Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account

ဒါ့အပြင် လမင်းကဗျာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လမင်းကဗျာက ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာလှုပ်ရှားမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းနေတာကို တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ 

Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account

ယနေ့မှာလည်း လမင်းကဗျာက နေပူထဲမှာ အပင်ပန်းခံကာ နိုင်ငံအတွက် ကြိုးစားရပ်တည်နေတဲ့ ပြည်သူတွေကို အလှူဒါနပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ အလှူပြုနေတဲ့ ပုံလေးတွေအပြင် "ဒီနေ့လှည်းတန်းမှာ တက်နိုင်သလောက်လေးလှူဖြစ်တယ် လှူတဲ့သူတွေ များလိုက်တာ စတုဒီသာကျွေးနေသလိုပဲ ကျမ်းမာချမ်းသာကြပါစေ လိုရာဆန္ဒတွေလဲအမြန်ဆုံးပြည့်ပါစေ??" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။  

Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account

သတင်း အရင်းအမြစ်Source - Lamin Kabyar's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T