လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သူတွေအတွက်ချစ်တီး ထမင်း ပဲဟင်း ကြက်ဥကြော် ကန်စွန်းရွက်ကြော် ငရုပ်သီးလှော်တို့နဲ့ အာဟာရ ဒါန လှူတမ်းခဲ့တဲ့ အောင်လေး

//s9.kh1.co/a5/a5c60bde6205ef0c2cf177d0f0ad243409f5252a.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ပရိသတ် အချစ်တော် အောင်လေးဟာ လူထု လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူတိုင်းကို အာဟာရ ဒါန လှူတမ်းခဲ့တာ နဲ့ ပတ်သတ်ပြီး ဖော်ပြလာတာ ပဲ ဖြစ်ပါတယ်။ အောင်လေး တစ်ယောက်ကတော့ မော်ဒယ်လ်လောက ကနေ အနုပညာ လောက ထဲကို ဖြေစုံပစ် ဝင်ရောက်လာတဲ့ တက်သစ်စ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကို လက်ခံ ရိုက်ကူး ရာကနေ ပရိသတ်တွေ အားပေး ထောက်ခံ မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account

ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးမှု တခဲနပ် ရရှိထားတဲ့ အောင်လေးဟာ ယခု အချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး လူထု လှုပ်ရှားမှုတွေမှာ ပြည်သူ့ ဘက်ကနေ တက်တက် ကြွကြွ ပါဝင် လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သူတွေအတွက်ချစ်တီး ထမင်း ပဲဟင်း ကြက်ဥကြော် ကန်စွန်းရွက်ကြော် နဲ့ ငရုပ်သီးလှော်တို့ဖြင့် အာဟာရ ဒါန လှူတမ်းခဲ့တာနဲ့ ပတ်သတ်ပြီး ဖော်ပြလာတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account

ယခုအခါမှာတော့ အောင်လေးဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"ဒီနေ့တော့ ချစ်တီးထမင်းသီးစုံပဲဟင်းလေး ကြက်ဥကြော် ကန်စွန်းရွက်ကြော် နဲ့ငရုပ်သီးလှော် နဲ့ပါခင်ဗျ

ကျွန်တော်တို့အဖွဲ့ မြေနီကုန်းတံတားအောက် ရိုးမဘဏ်နံဘေး Strategy First အရှေ့မှာ နေ့လည်ထမင်းစားချိန်တိုင်း ရှိနေပါ့မယ်ခင်ဗျ မည်သူမဆို အခမဲ့ လာရောက်သုံးဆောင်နိုင်ပါသည်ခင်ဗျ......" ဆိုပြီး နေ့လည်ထမင်းစားချိန်တိုင်း မြေနီကုန်းမှာ အကျွေးအမွေးရှိကြောင်း ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်။

Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account
Photo Crd - Aung Lay's FB account

သတင်း အရင်းအမြစ်Aung Lay's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T