သနပ်ခါး Campaignမှာ ပြည်သူ့ပရိသတ်တွေနဲ့ တက်ကြွစွာပါဝင်ရင်း စိတ်မကောင်းစရာ စကားလေးကို ရေးသားပြောဆိုလာခဲ့တဲ့ ပိုပို

//s9.kh1.co/48/4850a524a41c7776c8b15dd1497cb70ca349c1c5.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပို ကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ယုံကြည်ရာလမ်းကို အခက်အခဲတွေကြားကနေ အကောင်းဆုံးကြိုးစားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုကတော့ ဂီတနယ်ပယ်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေထဲမှာ ပါဝင်ရိုက်ကူးနေတာလည်း တွေ့ရပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

ပိုပိုကတော့ လတ်တလောမှာဆိုရင် တိုင်းပြည်ရဲ့အနာဂတ်လှပအောင် အမှန်တရားကိုလိုလားတဲ့ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဥ်အမျှဆိုသလို လမ်းမပေါ်ထွက်ပြီး တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း ချစ်တဲ့ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ယနေ့မှာလည်း ပိုပိုက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ထပ်မံတင်ပေးလာခဲ့ပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

ဒီပုံလေးတွေကတော့ ပိုပိုက ဂီတအနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အားကြိုးမာန်တက်ဖြင့် သနပ်ခါး Campaignမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုက "အမေ့ ပြန်အလာကို သနပ်ခါး လိမ်းပြီး စောင့်နေကြတယ် အမေစု သမ္မတကြီးနဲ့ အနုပညာရှင်များကို လွှတ်ပေးဖို့ တောင်းဆိုပါတယ် " ဆိုပြီး စိတ်မကောင်းစွာ ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ သနပ်ခါးCampaign မှာ ပါဝင်ခဲ့တဲ့ ပိုပိုရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

သတင်း အရင်းအမြစ်Source - PoPo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T