ဒူဘိုင်း မှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် အိန္ဒိယ မိန်းကလေး တစ်ဦးဟာ ဘာသာစကား ၁၀၂ မျိုးနဲ့ သီချင်းသီဆိုဖျော်ဖြေမှုကို ခြောက်နာရီကျော် ဆက်တိုက်သီဆိုနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ ဂင်းနစ် စံချိန်အသစ် နှစ်ခုကို တစ်ပြိုင်ထဲ ရရှိခဲ့ပါတယ်။အသက် ၁၂ နှစ်အရွယ် Suchetha Satish လို့အမည်ရတဲ့ ကောင်မလေးဟာ ၇ တန်းကျောင်းသူလေးတစ်ဦးလဲဖြစ်ပါတယ်။ သူမဟာ ဘာသာစကားပေါင်းမြောက်များစွာနဲ့ သီချင်းသီဆိုပြီး ကမ္ဘာ့ စံချိန်တင် နိုင်ဖို့ကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးခန့်ကမှ စတင်ကြိုးစားအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။
သီချင်းဆိုဝါသနာရှင်တစ်ဦးဖြစ်တာနဲ့အညီ အရင်ကတည်းက တမီလ်၊ ဟိန္ဒူ၊ မလာယာလမ်၊ အင်္ဂလိပ် ဘာသာစကားတွေနဲ့ သီချင်းသီဆိုနေခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်သူမက နိုင်ငံခြားဘာသာစကားတွေနဲ့ ပက်သက်ပြီးလည်း အထူးစိတ်ဝင်စားတာကြောင့် သူတတ်နိုင်သလောက် ထပ်မံလေ့လာပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်အောင် ကြိုးစားခဲ့တာပါ။ ကြိုးစားခြင်းရဲ့ရလဒ်ကြောင့် သူမဟာ ခုချိန်မှာ စံချိန်အသစ်နှစ်ခုကို တပြိုင်တည်း တင်နိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပရိသတ်တွေရဲ့အလယ်မှာ ဘာသာစကား ၁၀၂ မျိုးနဲ့ ၆ နာရီ ၁၅ မိနစ်ကြာအောင် ဆက်တိုက်ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။“သမီးပထမဦးဆုံး စဆိုတဲ့ နိုင်ငံခြားသီချင်းက ဂျပန်သီချင်းပါ၊ အဖေရဲ့ သူငယ်ချင်း ဂျပန်လူမျိုး အရေပြားအထူးကု ဒူဘိုင်းကိုလာလည်တုန်းက သူမဆိုနေတဲ့ ဂျပန်သီချင်းလေးကို သဘောကျလို့ လိုက်သင်ပြီး ဆိုခဲ့တာပါ” ဟု Suchetha က ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ World Record