သနပ်ခါးလိမ်းပြီး အနုပညာရှင်မောင်နှမတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်အားဖြည့်ခဲ့တဲ့ မေလသံစဉ်

//s9.kh1.co/70/70be303f38409ac2ddd11b561a65561ac0e7f18c.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေအပြင် ပြန်ဆိုတေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ပြီး လူကြီးလူငယ်မရွေးအားလုံးက တစ်ခဲနက်အားပေးချစ်ခင်နေကြသူလေးကတော့ အဆိုတော်မေလသံစဉ်ပဲ ဖြစ်ပါတယ်နော်..။

မေလကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်စွာရပ်တည်နေနိုင်တဲ့အတိုင်း နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့လည်း ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်နော်..။

Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc

မေလသံစဉ်ကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့သနပ်ခါးကိုဘယ်ညာလိမ်းပြီး အနုပညာရှင်မောင်နှမတွေနဲ့အတူ သနပ်ခါးကမ်ပိန်းမှာ လူငယ်ပီပီတက်ကြွစွာပါဝင်အားဖြည့်ခဲ့တာကို ပရိသတ်တွေ တွေ့မြင်ကြရမှာပါနော်..။

"???❤️.." ဆိုပြီးတော့ ဒီကနေ့မှာပြုလုပ်တဲ့ သနပ်ခါးကမ်ပိန်းမှာ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း မေလသံစဉ်က ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc

"လိမ်းတော့ မွှေးတယ်

မွှေးလို့ လိမ်းတယ်

အပွေးမြင် ဘာပင်လဲ သိစေရမယ်

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း

မြန်မာမှန်ရင် သနပ်ခါးလိမ်းတယ်.." ဆိုပြီးတော့လည်း မြန်မာ့ရိုးရာသနပ်ခါးကို ဂုဏ်ယူဝင့်ကြွားစွာလိမ်းရင်း သူမရဲ့ပုံလေးကိုလည်း ဝေမျှထားပါသေးတယ်နော်..။

သနပ်ခါးလေးနဲ့ ကျက်သရေရှိစွာချစ်စရာကောင်းလွန်းတဲ့မေလကို ပရိသတ်တွေက သဘောကျနေကြသလို ဒီကနေ့သနပ်ခါးကမ်ပိန်းမှာလည်း ပါဝင်ခဲ့တာကြောင့် အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc
Photo Credit - မေလသံစဉ် - May Melody's Page Acc

သတင်း အရင်းအမြစ်မေလသံစဉ် - May Melody's Page Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T