လူထုလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ သနပ်ခါး Campaignမှာ ဂီတအနုပညာမောင်နှမတွေနဲ့အတူ တက်ကြွစွာပါ၀င်နေတဲ့ ဟဲလေး

//s9.kh1.co/22/225039ab493470d9e1ac14c4caf0f299c1412785.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်။ နိုင်ငံတကာရဲ့စိတ်၀င်စားမှုခံနေရတဲ့ မြန်မာ့လူထုလှုပ်ရှားမှုကြီးမှာဆိုရင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များစွာပါ၀င်နေကာ အဆိုတော်ဟဲလေးတစ်ယောက်လည်း စွမ်းစွမ်းတမံပါ၀င်အားဖြည့်နေတာကိုတွေ့ရပါတယ်နော်.....။

Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc

ဟဲလေးဟာ ဂီတလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတဲ့သူတစ်ဦးလည်းဖြစ်တဲ့အပြင် အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်မှာလည်း ပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်နေတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဆောင်နေကာ ယနေ့မှာဆိုရင်လည်း မြန်မာတို့ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ သနပ်ခါးလိမ်းကာ လှုပ်ရှားမှုကြီးကိုလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်နော်.....။

Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc

အခုလို သနပ်ခါး Campaignမှာဆိုရင်လည်း အဆိုတော်ဟဲလေးတစ်ယောက်ဟာ ဂီတအနုပညာမောင်နှမများနဲ့အတူ တက်ကြွစွာပါ၀င်နေတာဖြစ်ပြီး အမှတ်တရပုံရိပ်များကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "ဂီတညီကို​မောင်နှမများ❣(25.2.2021 )#SaveMyanmar....." ဆိုပြီးရေးသားကာ တင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc
Photo credit-​ Naing Lin Aung's Facebook acc

သတင်း အရင်းအမြစ်Naing Lin Aung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T