မေမေ့ကိုမထိနဲ့နော်ဆိုတဲ့သားလေးတစ်ယောက်ရဲ့စကားသံကြောင့် စိတ်ဓာတ်ပိုမိုတက်ကြွပြီး လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ပါဝင်နေတဲ့ မေဦး

//s9.kh1.co/be/be5e6deb65259bc78a5c904e059b372e577c9a25.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မေမေ့ကိုမထိနဲ့နော်ဆိုတဲ့သားလေးတစ်ယောက်ရဲ့စကားသံကြောင့် စိတ်ဓာတ်ပိုမိုတက်ကြွပြီး လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ပါဝင်နေတဲ့ မေဦး

မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ နာမည်ကြီးအနုပညာရှင်တွေများစွာကို မိတ်ကပ်ပြင်ဆင်ပေးလျက်ရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့ မေဦးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကြတဲ့ မေဦးကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc

မနေ့ကတော့ လူမှုကွန်ယက်ထက်မှာ ဗီဒီယိုဖိုင်လေးတစ်ခုပြန့်နှံ့ခဲ့တာဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်လေးထဲမှာ ကလေးငယ်လေးတစ်ဦးက မေမေ့ကိုမထိနဲ့နော် ဆိုပြီးပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မနေ့ညကတော့ အဆိုစကားလေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေး လူပြောများခဲ့တာပဲဖြစ်ပါတယ်။ မေဦးကတော့ မေမေ့ကိုမထိနဲ့နော်ဆိုတဲ့သားလေးရဲ့စကားသံကြောင့် စိတ်ဓာတ်ပိုမိုတက်ကြွနေပြီး ယနေ့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ပါဝင်နေခဲ့ပါတယ်။

Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc

မေဦးကတော့ " မေမေ့ကိုမထိနဲ့နော်ဆိုတဲ့သားလေးရဲ့စကားသံကြောင့် အမေစုရဲ့ သားသမီးတွေကို alarm ပေးလိုက်သလိုပဲ သားရေသားရဲ့အသံကြောင့် ပြည်သူတွေပိုတက်ကြွနေပြီ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့တက်တက်ကြွကြွပါဝင်နေခဲ့တဲ့ မေဦးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: May Oo ' s Facebook Acc

Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Photo Credit: May Oo ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T