လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ရင်းနဲ့ ပရိသတ်တွေမသိသေးတဲ့ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုကို ပြသခဲ့တဲ့ထွန်းကိုကိုရဲ့ဗီဒီယို

//s9.kh1.co/fa/fa3d4d6648656ed87c2ea2dd8c2c0853187bd5ab.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ရင်းနဲ့ ပရိသတ်တွေမသိသေးတဲ့ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုကို ပြသခဲ့တဲ့ထွန်းကိုကိုရဲ့ဗီဒီယို

Model၊ မင်းသားချောလေး ထွန်းကိုကိုကတော့ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိပြီး ထူးချွန်သလို ပရဟိတအလုပ်တွေကိုလည်း ကြိုးစားပမ်းစား လုပ်ကိုင်တတ်သူလေး ဖြစ်ပါတယ် ။ ထွန်းကိုကိုက ဦးကျော်သူဥက္ကဌအဖြစ် ဦးစီးနေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ သူကိုယ်တိုင်ပါဝင်ပြီး ကူညီပေးနေတာ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း ထွန်းကိုကိုက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc

ဒါ့အပြင် ထွန်းကိုကိုက ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို ပြည်သူတွေအတွက် အစားအသောက်တွေ ဝေငှပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ထွန်းကိုကိုကတော့ ပရဟိတအလုပ်တွေကိုလည်း မလစ်ဟင်းအောင်လုပ်ကိုင်သလို နိုင်ငံသားကောင်းတစ်ယောက်အဖြစ် တာဝန်ကျေပွန်နေတာလည်း ဖြစ်ပါတယ် ။ မနေ့ကလည်း ထွန်းကိုကိုက ပဲခူးမြို့က လူထုနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ငြိမ်းချမ်းစွာ ဖော်ပြတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc
Photo Credit-YanPaing TunKo's FB Acc

ဒါ့အပြင် ထွန်းကိုကိုက ပြည်သူတွေကို စိတ်ခွန်အားတက်ကြွအောင် ဖျော်ဖြေတီးခတ်ပေးနေတဲ့ တီးဝိုင်းအဖွဲ့မှာ သူကိုယ်တိုင်ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ထွန်းကိုကိုက Trumpet ကို စည်းချက်ညီညီ မှုတ်ပြပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူ့ရဲ့အရည်အချင်းတစ်ခုကို ပြသလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ရင်း တီးဝိုင်းအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထွန်းကိုကိုရဲ့ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-YanPaing TunKo's FB Acc

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T