အခက်အခဲတွေ၊စိုးရိမ်ကြောင့်ကြမှုတွေ အများကြီးကြားထဲကနေ သမီးလေးရဲ့မွေးနေ့ပွဲကို မဖြစ်ဖြစ်အောင် စီစဉ်ပေးလိုက်တဲ့ မင်းညီ

//s9.kh1.co/a8/a8f4e834c1164c31adc833cf1ad0ea8909ea32e8.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အခက်အခဲတွေ၊စိုးရိမ်ကြောင့်ကြမှုတွေ အများကြီးကြားထဲကနေ သမီးလေးရဲ့မွေးနေ့ပွဲကို မဖြစ်ဖြစ်အောင် စီစဉ်ပေးလိုက်တဲ့ မင်းညီ

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ပရိသတ်မေတ္တာကိုခံယူနေတာဖြစ်ပါတယ်။မင်းညီက ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပေမယ့် သဘောထားပြည့်ဝတာကြောင့် လူချစ်လူခင်လည်းပေါများပါတယ်နော်။မင်းညီက သားသမီးသုံးယောက်ရဲ့ဖခင်ဖြစ်ပြီး အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။မင်းညီရဲ့ကလေးတွေကလည်း လိမ္မာရေးခြားရှိပြီး အနုပညာဗီဇလေးတွေလည်းပါကြပါတယ်နော်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

လတ်တလောအခြေအနေမှာဆိုရင်တော့ မင်းညီက သားသမီးသုံးယောက်နဲ့အတူလမ်းပေါ်ထွက်ပြီး တတ်နိုင်တဲ့ဘက်ကနေ ရပ်တည်နေတာဖြစ်ပါတယ်။မင်းညီကတော့ ကလေးတွေရဲ့အနာဂတ်လှပဖို့အတွက် ကိုယ်ယုံကြည်ရာဘက်ကနေ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။မင်းညီက အခုလိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့နေရပေမယ့်လည်း နှစ်စဉ်နှစ်တိုင်းကျင်းပပေးဖြစ်တဲ့ သမီးလေးရဲ့မွေးနေ့ပွဲလေးကို မပျက်မကွက်လုပ်ပေးလိုက်သေးတာဖြစ်ပါတယ်နော်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

မင်းညီကတော့ “အခက်အခဲတွေ၊စိုးရိမ်ကြောင့်ကြမှုတွေအများကြီးကြားထဲက..သမီးလေးရဲ့မွေးနေ့အမှတ်တရ. ဝိုင်းဝန်းပေးကြတဲ့လမ်းသူလမ်းသား..တစ်ယောက်မကျန်...အထူးလေးစားကျေးဇူးတင်မိပါတယ်...သမီးလေး...နောင်လာမယ့်မွေးနေ့တိုင်း အကြောက်တရားမှကင်းဝေးပြီး...အသက်အိုးအိမ်စည်းစိမ်လုံခြုံစွာ နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ...”ဆိုပြီး သမီးချောလေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးရေးပေးပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

Source&Photo Credit:Min Nyi’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T