ညကင်းစောင့်တဲ့သူရဲကောင်းတွေကို အစားအသောက်များလှူခဲ့တဲ့အပြင်သူကိုယ်တိုင်လည်း ပါဝင်ကာ ကင်းစောင့်ပေးခဲ့တဲ့ နန်းသီရိမောင်

//s9.kh1.co/1d/1d77f6f5a713f1156bcb1f41f86484752e00043a.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

နန်းသီရိမောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနှပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဆွဲဆောင်မှုရှိပြီး အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရယူထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ ။

Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account

နန်းကတော့ ခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်သလို နိုင်ငံတကာရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account

အခုလည်း နန်းတစ်ယောက် ညဘက်ကင်းစောင့်နေတဲ့ သူရဲကောင်းများကို အစားအသောက်အဆင်ပြေစေရန် ဖက်ထမင်းနဲ့ကြက်သားဟင်းများစွာကို လှူခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း တစ်ထောင့်တစ်နေရာကနေပါဝင်ကာ ဝိုင်းကူကင်းစောင့်ပေးခဲ့ကြောင်းပုံလေးတွေနဲ့တကွခုလိုရေးသားဝေမျှခဲ့တာဖြစ်ပါတယ်။"ညကင်းသူရဲကောင်းညီအကိုတွေအတွက် ဖက်ထမင်း ကြက်သားဟင်းလှူတယ်ခမျာ.. ကျား တွေ မတွေ မခွဲပါနဲ့တော့ခမျာ..ကိုယ့်ရပ်ကွက် ကိုယ့်ပြည်သူ ကိုယ့်နိုင်ငံ အတွက် ကင်းစောင့်တယ် ခမျ.. မောင်နှမတွေ လူညီတယ် "ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account
Photo Credit : Nang Thiri Maung Facebook Account

Source & Photo Credit : Nang Thiri Maung Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T