သရုပ်ဆောင် မင်းသမီးချောလေး ပွင့်နဒီမောင်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာကို သိမ်းပိုက်ရရှိခဲ့တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ကျရာအခန်းကဏ္ဍကနေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ သူတို့ရဲ့ရင်ထဲကဆန္ဒအမှန်တရားတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာများကိုလည်း တစ်နေ့တစ်မျိုးလှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။
ပွင့်နဒီမောင်ဟာ အခုလိုအခြေအနေမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအဆင်ပြေအောင် ပူးပေါင်းပါဝင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ပြည်သူတွေ ထမင်းမြိန်စွာ သုံးဆောင်နိုင်ရန် မနေ့ညကတည်းက သူမကိုယ်တိုင်အပင်ပန်းခံကာ ကြိုစားချက်ပြုတ်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပွင့်နဒီမောင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဟင်းချက်နေတဲ့ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
" ကြက်သားဟင်း
မရမ်းသီးငပိထောင်းနဲ့သခွားသီးတို့စရာ
ပွဲ ၁၀၀၀ အောင်မြင်စွာချက်ပြီးကြောင်း
အလှူရှင်များဒီထက်မက လှူဒါန်း နိုင်ပါစေ
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ
ချက်ချင်းပြည့်ပါစေ
မရမ်းသီးထောင်းလေးကတော့ ချစ်မေမေလက်ရာ
ရှယ်ပဲ " ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။ အနုပညာရှင်တွေသာမကဘဲ အခြားသောပြည်သူများကလည်း လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာများနဲ့ နေလောင်ခံ cream တွေလှူဒါန်းပေးနေကြသူများကိုလည်း ဒီထက်မက ကြီးပွားချမ်းသာတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Pwint Nadi Maung’s Facebook Account