သနပ်ခါးလိမ်းပြီးလမ်းပေါ်ထွက်ကြမယ့်ပြည်သူတွေမဖြစ်မနေMaskတပ်ကြဖို့သတိပေးစကားလေးတွေပြောနေတဲ့ စိုးပြည့်သဇင်

//s9.kh1.co/e1/e100297055b8ad2acc63c9379ada1869cacac1e1.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  စိုးပြည့်သဇင်ကတော့  လက်ရှိ  မြန်မာနိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ  တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း  ပြည်သူတွေနဲ့အတူ  မှန်ကန်တဲ့ဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးတဲ့အတွက်  ပရိသတ်တွေအားလုံးက  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။  နေ့စဉ် လူထုလှုပ်ရှားမှုတွင် ပါဝင်နေရုံတင်မကဘဲ  ည (၈) နာရီတိတိတိုင်းမှာလည်း  သူမရဲ့အိမ်တွင် သံဗုံးတီးလှုပ်ရှားမှုအစီအစဉ်ကိုလည်း  လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 

ဒီနေ့ကတော့  လမ်းပေါ်ထွက်ကြမယ့်သူတွေအားလုံး  သနပ်ခါးလေးတွေလိမ်းကြမယ့်  အစီအစဉ်တစ်ခုရှိနေတာပဲ  ဖြစ်ပါတယ်။  သနပ်ခါးလိမ်းမယ်၊ မလိမ်းဘူးဆိုပြီး  အငြင်းပွားနေကြပေမယ့်လည်း  နောက်ဆုံးမှာတော့  အားလုံးလိမ်းကြမယ်ဆိုကာ အကောင်အထည်ဖော်ကြတော့မှာဘဲ  ဖြစ်ပါတယ်။  မနေ့ညကလည်း  စိုးပြည့်သဇင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သနပ်ခါးလိမ်းပြီးလမ်းပေါ်ထွက်ကြမယ့်ပြည်သူတွေမဖြစ်မနေMaskတပ်ကြဖို့သတိပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 

သူမကလည်း " သနပ်ခါးdayတဲ့.....ချစ်စရာကောင်းတဲ့မြန်မာ့သနပ်ခါးလေးတွေလိမ်းပြီးထွက်ကြမှာအရမ်းကောင်းပါတယ်.......တစ်ခုလေးသတိပေးချင်ပါတယ်ရှင်...ကျွန်မတို့တွေအားလုံးကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နေကြရတာပါ....အခုဆိုလူတွေအားလုံးလမ်းပေါ်ထွက်တိုက်ပွဲဝင်နေကြရတယ်ဆိုပေမယ့်...အားလုံးMaskတွေကိုယ်စီနဲ့စည်းကမ်းရှိကြတယ်......Maskတပ်ဖို့တကယ်လိုအပ်ပါတယ်ရှင်........အားလုံးကျန်းမာဖို့လိုတယ်......လိုချင်တဲ့ပန်းတိုင်ကိုကျန်းကျန်းမာမာနဲ့အင်အားအပြည့်နဲ့ရောက်အောင်သွားကြရမှာမို့....Maskကိုမချွတ်စေချင်ဘူးရှင်.....သနပ်ခါးလည်းမလိမ်းနဲ့လို့မပြောလိုပါဘူးနော်.....လိမ်းချင်တဲ့သူကလိမ်းပါ....Maskမချွတ်ဘဲလိမ်းလို့ရပါတယ်နော်......Maskတော့မချွတ်ကြပါနဲ့နော်.....အားလုံးကျန်းမာရေးကိုဂရုစိုက်ကြပါရှင်......" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။  သနပ်ခါးလိမ်းကြမယ့် ပရိသတ်ကြီးလည်း ဓာတ်ပုံရိုက်တဲ့အခါမှာ အလှပုံမရိုက်ကြဖို့နဲ့ ပြုံးနေတဲ့ ပုံစံလေးတွေလည်း ရှောင်ပေးကြဖို့ ပြောကြားလိုက်ပါရစေနော်။

Source and Photo Crd-Soe Pyae Thazin’s Facebook page 

Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Photo Crd-Soe Pyae Thazin’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T