နန်ယန် ကျောင်းသားကျောင်းသူများနဲ့အတူ ငြိမ်းချမ်းမှု ရရှိအောင် အားမာန်အပြည့်နဲ့ ဟစ်ကြွေးနေတဲ့ ခင်ဝင့်ဝါ

//s9.kh1.co/af/af402760fc50a14d756aaf5d68736de420e711f3.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ......ဒီတစ်ခါမှာတော့ သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါဟာ ချစ်စရာကောင်းတဲ့ ကြွေရုပ်လေးတစ်ရုပ်လို လှပတဲ့ သူလေးဖြစ်ပြီး အနုပညာလောကတွင် အောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။သူမကတော့ ဗီဒီယိုဇာတ်ကားတွေ အများအပြားကို ပါဝင်သရုပ်ဆောင်ထားကာ ဇာတ်ကောင်တိုင်းတွင် သဘာဝကျကျ ပီပြင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီးတစ်လက် ဆိုလည်း မမှားပါဘူးနော်.....။

Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account

ခင်ဝင့်ဝါဟာ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာ ပဲဖြစ်ပါတယ်။သူမဟာ နေ့စဥ်ရက်တိုင်း ပြည်သူတွေနဲ့ အတူ လမ်းမထက်တွင် မမောမပန်း ရှေ့ကနေ ဦးဆောင်ပါဝင်နေတာကြောင့် ပရိသတ်တွေကလည်း ပိုပြီးချစ်ခင်အားပေးမှုတွေကို ရရှိထားတာ လည်းဖြစ်ပါတယ်။နေပူကြီးထဲမှာ ပါဝင်နေရုံတင်မကပဲ လူမူကွန်ယက်စာမျက်နှာထက်တွင်လည်း သတင်းအချက် အလက်တွေကို မျှဝေပေးနေတာ ပဲဖြစ်ပါတယ်နော်....။

Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account

ဒီနေ့မှာဆိုရင်လည်း နန်ယန်ကျောင်းသူကျောင်းသားများနဲ့အတူ ပါဝင်နေကြောင်းကို သူမရဲ့ Social Networt ပေါ်တွင် "ဘယ်တော့မှ သမိုင်းမရိုင်းတဲ့ နန်ယန်ကျောင်းသားကျောင်းသူများ"ဆိုပြီး ရေးသားဖော်ပြကာ ရဲဝင့်စွာ ပါဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်တွေ အတွက် ငြိမ်းချမ်းမှု ရရှိအောင် ဖော်ထုတ်နေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account
Photo Credit-Khin Wint Wah FB Account

သတင်း အရင်းအမြစ်Khin Wint Wah FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T